27 C
Yangon

မနက်ဖြန်ပေးမည့် နိုင်ငံတစ်ဝန်း Non-CDM ဝန်ထမ်းလစာများတွင် နှစ်သောင်းတန် ငွေစက္ကူများ ပါဝင်လာမည်

Must read

မနက်ဖြန်ပေးမည့် နိုင်ငံတစ်ဝန်း Non-CDM ဝန်ထမ်းလစာများတွင် နှစ်သောင်းတန် ငွေစက္ကူများ ပါဝင်လာမည်

ရန်ကုန်၊ ဩဂုတ် ၃၀

အကြမ်းဖက်စစ်ကောင်စီက ဩဂုတ်လ ၃၁ ရက်နေ့ ပေးမည့် စစ်သား၊ ရဲနှင့် Non-CDM ၀န်ထမ်း လစာများတွင် နှစ်သောင်းတန်ငွေစက္ကူအသစ်များပါဝင်လာမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းသို့ နှစ်သောင်းတန်များ ပေးပို့နေပြီဖြစ်ကြောင်း ဘဏ်နှင့်နီးစပ်သော သတင်းရင်းမြစ်များထံမှ ထပ်မံ အတည်ပြု ရရှိသည်။

ဩဂုတ်လ ၁၈ ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်းများကို နှစ်သောင်းတန်ဖြင့် လစာပေးမည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်က သတင်းဖော်ပြခဲ့ပြီဖြစ်ပြီး လက်ရှိတွင်လည်း နှစ်သောင်းတန်ဖြင့် လစာပေးရန် ငွေကြေးများ သယ်ဆောင်ရွှေ့ပြောင်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နှင့်ခန္တီးရှိ Non-CDM ဝန်ထမ်များကို လစာပေးရန်အတွက် စစ်တပ်က ရိက္ခာတင်သင်္ဘောများဖြင့် ၂၀၀၀၀ ငွေစက္ကူအထုပ်များ သယ်ဆောင်လာပြီး အစိုးရဘဏ်ဝန်ထမ်းများပါလိုက်ပါလာကြောင်း၊ အဆိုပါ ငွေစက္ကူများနှင့် ရိက္ခာများ သယ်ဆောင်လာသော သင်္ဘော ၃ စီးသည် လက်ရှိတွင် မော်လိုက်မြို့သို့ ဖြတ်သန်းနေကြောင်း သိရှိရသည်။

“ရေကြောင်း၊ လေကြောင်းနဲ့ လစာပေးဖို့ နှစ်သောင်းတန်တွေတော့ သယ်နေပါပြီ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။

ဇူလိုင်လ ၃၁ ရက်နေ့တွင် မာရဝိဇယရုပ်တုပြီးစီးမှုနှင့် ဆင်ဖြူတော် ၁ နှစ် အပြည့် အမှတ်တရ ထုတ်ဝေသည်ဆိုသော နှစ်သောင်းတန်ငွေစက္ကူများကို ယခု ဩဂုတ်လအကုန် ဝန်ထမ်း လစာများတွင် စတင်ထည့်သွင်း အသုံးပြု မည် ဖြစ်ပြီး တဖြည်းဖြည်းချင်း ဖြင့် နောက်ပိုင်းတွင် နှစ်သောင်းတန် ငွေစက္ကူများကို အမြင့်ဆုံးငွေစက္ကူများအဖြစ် အဓိက ထား အသုံးပြုမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article