Khit Thit သတင်းဌာန၏ ဩဂုတ် ၃၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၃၀ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ချင်းပြည်နယ်၊ ထန်တလန်မြို့က အကြမ်းဖက် စစ်တပ်ရဲ့ တပ်ကုန်းစခန်းကို ချင်းဒေသ ကာကွယ် ရေးတပ်တွေကနေ တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်တပ်ဘက်က ဗိုလ်မှူး ကျော်စိုးမင်း အပါအဝင် စစ်သား ၃၇ ဦးသေသွားတဲ့အပြင် ၊ စစ်ကောင်စီ တပ်သား ၁၄ ဦးလည်း လက်နက်နဲ့ အတူပျောက်ဆုံး နေတယ်လို့ စစ်တပ် သတင်းရင်းမြစ်က ပြောပါတယ်။
– ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့မှာရှိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ခလရ ၂၆၄ မှာ အရက်တစ်ပြား လက်ဆောင်ယူပြီး တပ်ပြင်ပ စစ်ဆေးရေး ဂိတ်ကို ဖွင့်ပေးမှုကြောင့် စကားများ ရာကနေ အကြမ်းဖက် စစ်တပ်ရဲ့ အရာခံဗိုလ်ကို တပ်သားက အချင်းချင်း ပစ်သတ်လိုက်တယ်လို့ ဒေသခံပြည်သူတွေနဲ့ စစ်တပ်သတင်းရင်းမြစ်က ပြောပါတယ်။
– ရန်ကုန်မြို့မှာ မနေ့က ညပိုင်းအတွင်း မြို့နယ်ရဲစခန်းတွေ အနီး ၊ ဗုံးတွေ ဆက်တိုက် ပေါက်ကွဲခဲ့ပြီး ၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းကို နွေဦးအောင်လံ စစ်ဆင်ရေးအဖြစ် ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။