25 C
Yangon

မော်လိုက်တွင် စစ်တပ်၏ ရိက္ခာပို့ စစ်င်္ဘောအုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၅ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

Must read

မော်လိုက်တွင် စစ်တပ်၏ ရိက္ခာပို့ စစ်င်္ဘောအုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၅ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

ရန်ကုန်၊ သြဂုတ် ၃၀

စစ်ကိုင်းတိုင်း၊ မော်လိုက်တွင် အကြမ်းဖက်စစ်တပ်၏ ရိက္ခာပို့ စစ်င်္ဘောအုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာ ၅ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၃ စီး၊ ဖလက်ခွန် ၈ စီးဖြင့် မော်လိုက်မြို့အောက်ဖက် ရှိကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာကြောင်း၊ ထို့ကြောင့် မြစ်ကမ်းဘေး ကျေးရွာ ၅ ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက် ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိအချိန်အထိ မြစ်ကမ်းဘေး ကျေးရွာများဖြစ်သော ဖာတင်းရွာ၊ ထန်းတောရွာ၊ ထန်းပင်ကုန်းရွာ၊ ပင်သာရွာနှင့် ရေဦးကုန်းရွာ တို့မှ ထောင်နှင့်ချီသော ပြည်သူအများအပြားသည် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပင်သာရွာမှ နေအိမ် ၄ လုံး ထိမှန်ကာ အိမ်ခေါင်မိုးများ ပွင့်ထွက်သွားခဲ့ကြောင်း၊ ကျေးရွာနေ ပြည်သူများမှာ ကြိုတင်ထွက်ပြေးတိမ်းရှောင်နိုင်သောကြောင့် ထိခိုက်မှု မရှိ ကြောင်း သိရှိရသည်။

“စစ်ခွေး စစ်သဘော် ၃ စီး ရိက္ခာတင် ဖလပ် ၈ စီး မော်လိုက်မြို့ကနေ ၉ နာရီ ၃၀ မိနစ်က စပြီး အထက် ဖက် ကို ဆန်တက်သွားပြီဗျ၊ ၂၈ ရက်နေ့က မော်လိုက်မြို့ အောက်ဖက်ကရွာတွေကိုရမ်းသမ်းပစ်ခတ်တယ်ဗျ ဖာတင်း၊ ထန်းတော၊ ထန်းပင်ကုန်း၊ ပင်သာ၊ ရေဦးကုန်း ကျေးရွာတွေကို ရမ်းပစ်ခံရတယ်ဗျ ပင်သာ ရွာနေအိမ် ၄ လုံး အိမ် ခေါင်မိုးတွေပွင့်သွားတယ်ဗျ၊ ပြည်သူတွေကတော့ကြိုရှောင်နေတော့ထိခိုက်မှုမရှိဘူးဗျ” ဟု ဒေသနေပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

Photo – ချင်းတွင်းမြစ်အတွင်း တွေ့မြင်ရသည့် အကြမ်းဖက် စစ်တပ်၏ စစ်င်္ဘော ၁ စီးအား တွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article