ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေးလှူဒါန်း
ရန်ကုန်၊ သြဂုတ် ၃၀
ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို နတ်မောက်မြို့မှ ပြည်သူ ၁ ဦးလှူဒါန်းမှုဖြင့် ယနေ့ သြဂုတ်လ ၃၀ ရက်နေ့တွင် ထမင်း၊ ငါးဟင်း၊ မုန့်လင်မယားနှင့် ကိတ်မုန့်တို့ကို ကျေးလက်မြေ အဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်က လှူဒါန်း ပေးခဲ့ကြောင်းသိရှိရသည်။

