25.6 C
Yangon

ကျောက်ကြီးရှိ ကြက်တက်ညောင်ပင်ရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ရုရှားပြန် ဗိုလ်ကြီး ချစ်စမ်းမောင် နေအိမ်အပါအဝင် ၁၀ လုံးကျော် ပျက်စီး

Must read

ကျောက်ကြီးရှိ ကြက်တက်ညောင်ပင်ရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ရုရှားပြန် ဗိုလ်ကြီး ချစ်စမ်းမောင် နေအိမ်အပါအဝင် ၁၀ လုံးကျော် ပျက်စီး

ရန်ကုန်၊ သြဂုတ် ၃၀

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကြက်တက်ညောင်ပင်ရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ရုရှားပြန် ဗိုလ်ကြီး ချစ်စမ်းမောင် နေအိမ်အပါအဝင် ၁၀ လုံးကျော် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကျောက်ကြီးမြို့နယ်ရှိ သမန်းကျင်းရွာ၊ ကညင်ကျရွာနှင့် ကြက်တက်ညောင်ပင်ရွာတို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း​ခဲ့​ကြောင့် ကြက်တက်ညောင်ပင်ရွာရှိ အကြမ်းဖက် စစ်တပ်၏ ရုရှားပြန် ဗိုလ်ကြီး ချစ်စမ်းမောင် နေအိမ်အပါအဝင် ၁၀ လုံးကျော် ပျက်စီးခဲ့ကြောင်း သိရသည်။

ယနေ့ သြဂုတ်လ ၃၀ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်ပြီး စစ်ကြောင်းများ တပ်စွဲထားသောကြောင့် သမန်းကျင်းရွာနှင့် ကညင်ကျရွာရှိ ပျက်စီးဆုံးရှုံးမှုများကို မသိရှိရသေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

” ဒီနေ့ ၃၀ ရက်နေ့မှာ ရွာထဲလှည့်ပတ်ကြည့်တာ နေအိမ် ၁၀ ကျော်ပျက်စီးတယ်။ နေအိမ် ၁ လုံးကတော့ ရုရှားပြန် ၃ ပွင့်ဗိုလ်ကြီး ချစ်စမ်းမောင် နေအိမ်လည်း စုတ်ပြတ်သွားတယ်။ ချစ်စမ်းမောင်က ရှမ်းပြည်ဘက်မှ တာဝန်ကျနေတာ ပဲခူးမှာတော့ မရှိဘူး။ စစ်ခွေးတွေ ပစ်တာပဲ လေကြောင်းကနေလည်း ဗုံးကျဲတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ စစ်ခွေးတွေက အကုန်ထုတ်ပစ်တာပဲ ပြည်သူတွေတော့ ထိခိုက်မှုမရှိဘူး။ စစ်ခွေးတွေ မနက်ပိုင်း လက်နက်ကြီးတွေနဲ့ ပစ်တည်းက ပြည်သူတွေကရှောင်လိုက်နိုင်တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်ပြီးနောက် သမန်းကျင်းရွာကို စစ်ကားများဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ပြီး ရွာထဲ၌ တပ်စွဲကာ ကျေးရွာရှိ ပျူစောထီး ခေါင်းဆောင် တစ်ဦး၏ အကူအညီဖြင့် အနီးအနားရှိ ကျေးရွာများကို စစ်​ကြောင်းထိုးစဥ် PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့သောကြောင့် ရဟတ်ယာဥ်၊ တိုက်လေယာဥ်များဖြင့် ၄ ကြိမ် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ထိတွေ့ တိုက်ပွဲများသည့် ယနေ့ သြဂုတ်လ ၃၀ ရက်နေ့ထိ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article