35 C
Yangon

မြင်းခြံတွင် ဆေးခွင့်ဖြင့် နေအိမ်ပြန်လည်လာသော စစ်သား ထွန်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

မြင်းခြံတွင် ဆေးခွင့်ဖြင့် နေအိမ်ပြန်လည်လာသော စစ်သား ထွန်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၃၁

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာတွင် ဆေးခွင့်ဖြင့် နေအိမ် ပြန်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သား ထွန်းထွန်း ပစ်ခတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း MGN 35 ပြောက်ကျားတပ်ဖွဲ့မှ ကိုနွေမိုက်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်အချိန် တိုက်ပွဲအတွင်း ဒဏ်ရာရရှိကာ ဆေးခွင့်ဖြင့် နေ အိမ်တွင် အနားယူပြန်လာသော အကြမ်းဖက် စစ်သား ထွန်းထွန်းကို PDF က ပစ်ခတ်ခဲ့ရာမှ သေဆုံးခဲ့ကြောင်း၊ အဆိုပါ စစ်သား ထွန်းထွန်းသည် ဆေးခွင့်ဖြင့် နေအိမ်ပြန်ရောက်စဉ် ပြည်သူများအပေါ် ဖမ်းဆီးငွေညှစ်ကာ ပျူစောထီးအင်အားကောင်းရန် စုဆောင်းခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင် ရောက် ဖမ်း ဆီးခဲ့ရာ ပြန်ခုခံသဖြင့် ပစ်ခတ်ရာမှုဖြစ်ပွားပြီး နေရာမှာပင်ပွဲချင်း ပြီး သေဆုံးသွား ကြောင်း သိရသည်။

“သူက စစ်မှုထမ်းနေတုန်းခြေထောက်ဒဏ်ရာရလို့ ဆေးခွင့်နဲ့ ရွာပြန်လာပြီး အနားယူနေတာပါ၊ ဒဏ်ရာ ပျောက်တော့ လမ်းပေါ်တက်ပြီးခရီးသွား ပြည်သူ တွေကို အနိုင်ကျင့်ငွေတောင်းတာတွေလုပ်တယ်၊ ပြီး တော့ကျေးရွာနေ ပြည်သူ တွေ ကိုလည်း အနိုင်ကျင့် အဓမ္မငွေတောင်းတာတွေလုပ်တယ်၊ ပျူအင်အား ကောင်းအောင် စုဆောင်းရေးတွေလည်း လုပ်နေတာကြောင့် ဝင်ရောက် ရှင်းလင်းခဲ့ရခြင်းဖြစ်ပါတယ်” ဟု MGN 35 ပြောက် ကျားတပ်ဖွဲ့မှ ကိုနွေမိုက် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောကြားသည်။

တပ်သားထွန်းထွန်းကို ဝင်ရောက်ပစ်ခတ်ချိန် ကျေးရွာအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် အကြမ်းဖက်စစ်သား ၇ ဦးသည် လိုင်းကြေး ကောက်ရန် ရွာပြင်ပ ရောက်ရှိနေခဲ့သဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းမပြုနိုင်ခဲ့ ကြောင်း သိရှိရသည်။

“မြင်းခြံမြို့နဲ့နီးပါတယ်၊ သူ့ကို ၆ ချက်ပစ်ခဲ့တာပါ၊ သိမ်းဆည်းရရှိတဲ့ ပစ္စည်းမရှိပါဘူးဗျ၊ သူတို့က မောင် နှမနှစ်ယောက်နေတာ၊ သူ့အမကလည်း ဆိုးတယ်၊ ဒါပေမယ့် ကျနော်တို့ဝင်ရှင်းတဲ့အချိန်မှာ သူ့အမက နေမကောင်းတဲ့ လူမမာအိမ်ရောက်နေလို့ မပစ်ခဲ့ပါဘူးဗျ” ဟု MGN 35 ပြောက်ကျားတပ်ဖွဲ့မှ ကိုနွေမိုက်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်သားကို MGN 35 ပြောက်ကျားတပ်ဖွဲ့နှင့် ဒေါင်းမင်းတမန် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article