28 C
Yangon

မူဆယ်နှင့် ကွတ်ခိုင်တွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

မူဆယ်နှင့် ကွတ်ခိုင်တွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၃၁

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် နှင့် ကွတ်ခိုင် မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

သြဂုတ်လ ၃၀ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ TNLA ရှိရာ လွယ်နောဖောင်ကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ စကခ – ၁၇ ၊ ခမရ – ၅၇၇ ၊ ရမခ/ခရလ – ၄၅ တို့က ထပ်မံ ထိုးစစ်ဆင် လာသော​ကြောင့် TNLA တပ်ဖွဲ့တို့ နံနက် ၁၁ နာရီက စတင်ကာ ခိုမုန်းကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် တအာင်းတပ်မတော် တပ်မဟာ ၁ တပ်ရင်း ၅၇၁ နှင့် ၁၁၂ တို့က မူဆယ်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်းများဖြစ်သည့် မန်မိုင်တပ်စခန်းနှင့် လွယ်ကျလော့တပ်စခန်း ၂ ခုကို တပြိုင်တည်း တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် အနီးဝန်းကျင်ကို အကြမ်းဖက် စစ်တပ်၏ လွယ်ကျလော့စခန်းက လွယ်နောဖောင်ကို ၆၀ မမ လက်နက်ကြီးဖြင့် ၁၀ ကြိမ်၊ မူဆယ်မြို့တပ်စခန်းမှ ၃ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးများသည် နမ့်ဖက်ကာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လက်နက်ကြီး ကျည်ဆထိမှန်ကာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article