29 C
Yangon

ကန့်ဘလူတွင် စစ်တပ်က ညအချိန် စစ်ကြောင်း ထပ်မံ ထိုးနေ၍ ကျေးရွာ‎ ပေါင်း ၂၀ ကျော်မှ ပြည်သူများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရ

Must read

ကန့်ဘလူတွင် စစ်တပ်က ညအချိန် စစ်ကြောင်း ထပ်မံ ထိုးနေ၍ ကျေးရွာ‎ ပေါင်း ၂၀ ကျော်မှ ပြည်သူများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရ

ရန်ကုန်၊ ဩဂုတ် ၃၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး များက ဩဂုတ်လ ၃၀ ရက်ညပိုင်း ထပ်မံစစ်ကြောင်းထိုးနေ၍ ထန်းကုန်းနှင့် ဇီးကုန်း တိုက်နယ်တွင်းရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများနှင့်ဒေသသတင်းရင်းမြစ် infinity group ထံမှ သိရှိရသည်။

ဩဂုတ်လ ၃၀ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ ကန့်ဘလူမြို့နယ် တောင် ဘက် ခြမ်း သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ ပြည်သူ ၈၀၀၀ ကျော် တိမ်းရှောင်ခဲ့ရကြောင်း၊ ယင်းနောက် ဩဂုတ်လ ၃၀ ရက်နေ့ နေ့ ညပိုင်းတွင် ထပ်မံ၍ စစ်တပ်က စစ်ကြောင်းထိုးသဖြင့် ကျေးရွာ ၂၀ ကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ရကြောင်း သိရှိရသည်။

ယမန်နေ့ နေ့အချိန် စစ်တပ်နှင့်ပျူစောထီးများက သရက်ခေါင်းကျေးရွာသို့ ဝင် ရောက်ခဲ့ ပြီး ထိုမှတစ်ဆင့် စစ်ကြောင်းခွဲထွက်၍ ကြာဘက်ကံကျေးရွာ ဘက်သို့ ဦးတည်၍လည်းကောင်း၊ ဘုတ်ကုန်းကျေးရွာဘက်သို့ ဦးတည်၍လည်းကောင်း လက်နက်ကြီး၊လက်နက်ငယ်များ ပစ်ဖောက်ကာ စစ်ကြောင်းထိုးခဲ့ခြင်း ဖြစ် ကြောင်း၊ညအချိန်အထိ စစ်တပ်နှင့်ပျူစောထီးများက စစ်ကြောင်းထိုးနေသဖြင့် ကန့်ဘလူတောင်ခြမ်းရှိ ကိုးမြို့၊တောင့်တဲကုန်း၊ညောင်ဇင်ကြီး၊သိုးဘိုး၊ ဖလံချိုင်၊ ငါးရာနဲ၊ သရက်ခေါင်း၊ မင်းဘာ၊ လက်ထုတ်ကုန်း၊ ရင်ငတ်ကုန်း၊ မင်းဘာ၊ သရက္ကံကြီး၊ ညောင်ကိုင်း၊ ဘုတ်ကုန်း၊ ဆင်နင်း၊ဆူးတပ်၊ မင်းရွာတော၊ ကြာဘက်ကံ၊ ဇီးဖြူကုန်း၊ ရှမ်းတပ်၊ မကျီးကုန်းကျေးရွာများမှ ပြည်သူများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ဘေးရှောင်က ၂ သောင်းနီးပါးလောက်ရှိတယ်။ နေ့ရော ညရော စစ် ကြောင်း ထိုးတော့ ရွာတွေအားလုံးမှာ နေလို့မရကြဘူး။ အကုန်ပြေးကြရတယ်။ အများစုက မိုးတွင်းဖြစ်တော့ ကျန်းမာရေးအရလည်း နေရထိုင်ရ အဆင်မ ပြေကြဘူး။ စားနပ်ရိက္ခာလည်း ခက်ခဲတယ်။ စစ်ကြောင်းလာတဲ့ နေရာနဲ့ ဆန့် ကျင်ဘက်ကို ဦးတည်ပြီး တောတွေ တောင်တွေထဲ ပြေးနေရတာ။ မြောက်ဘက် ကလာရင် တောင်ဘက်ကို ပြေး၊ တောင်ဘက်ကလာရင် မြောက်ဘက် ကိုပြေးနေရတာမျိုး။ မြွေအန္တရာယ်လည်း ကြောက်နေရတယ်။ ပြည်သူတွေ အတော်ဒုက္ခရောက်နေကြတယ်” ဟု ကန့်ဘလူမှ စစ်ဘေးရှောင် များကို ကူညီနေသူ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ရေဦးနှင့်ဒီပဲယင်းအစပ်တွင် ယခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ ညပိုင်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ ပြည်သူများ ထွက်ပြေးရစဉ် မြင်ကွင်း များဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article