ဆားလင်းကြီးနှင့် မုံရွာ မြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းနှင့် ရဲစခန်းတို့ကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ သြဂုတ် ၃၁
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နှင့် မုံရွာမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဂိတ်စခန်းနှင့် ရဲစခန်းတို့ကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန် လေကြောင်းစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ဆားလင်းကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကျားတက်ရဲစခန်းကို ဗုံးသီး ၁ လုံးကျဲချခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၂၀ မိတစ်တွင်လည်း ဗုံးသီး ၁ လုံးထပ်မံ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မုံရွာမြို့၊ Eco ကျောင်းရှေ့ရှိ ရေကျော်ဂိတ် စခန်းကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးသီး ၂ လုံး ကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့၀င်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ပျက်စီးမှုရှိပြီး ပျက်စီးမှုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF ၊ မုံရွာခရိုင်တပ်ရင်း(၂၄)ခွဲ(၃)
တိမ်တမာန်လေကြောင်းစစ်ဆင်ရေး ၊ နဂါးညီနောင်တပ်ဖွဲ့ ၊ ဗိုလ်ချုပ် ၀က်လက် ၊ wings Of Kalay ကလေး ၊ ကျောက်လုံးကြီးKLGတပ်မဟာ ၊ အနောက်ပိုင်းတိုက်ခိုက်ရေး ၊ CDSOM ၊ MRTF အရာတော် ၊ စစ်ကိုင်းခရိုင် တပ်ရင်းအမှတ်(၄)MSPDF ၊ Seven People Defense Force-Mandalay ၊ Union Brothers-UB (ပြည်သူ့အကျိုးဆောင်အဖွဲ့) ၊ ကြောက်ခေတ်ကိုမှောက်ပစ်မယ်ထောက်ပို့အဖွဲ့ ၊ ဒေါနစစ်ကြောင်း၏ဖိုးမောင်ပြန်လာပြီဇာတ်ကားထောက်ပို့အဖွဲ့ ၊ Support To Federal Democracy ၊ မဖြူလေး ၊ မနီလေး နှင့် ဒေသ တပ်ရင်း၊တပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။