အုတ်ဖိုမြို့နယ်တွင် ဗိုလ်ကြီး တင်မျိုးအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ ဩဂုတ် ၃၁
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်၌ တာဝန်ကျနေသော အကြမ်းဖက်စစ်ကောင်စီ လက် အောက်ခံ ဗိုလ်ကြီးတင်မျိုးအောင်ကို ပစ်ခတ်ခဲ့ရာ သေဆုံးသွားပြီး သေနတ် ၁ လက်နှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၃၁ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်က အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးလာသော ဗိုလ် ကြီးတင်မျိုးအောင်ကို ပစ်ခတ်ခဲ့ရာ နေရာမှာပင်ပွဲချင်းပြီးသေဆုံးသွားပြီး ၎င်းထံမှ MA3 သေနတ် ၁ လက်၊ ဖုန်း ၁ လုံး၊ ပိုက်ဆံအိတ် ၁ လုံး၊ ၎င်းကိုင်ဆောင်သည့် မှတ်ပုံတင်နှင့် ပြန်တမ်းဝင်ကတ်တို့ကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၄ (မြေအောက်ပျောက်ကြားတပ်ဖွဲ-အုတ်ဖို) က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင်များမှာ အထိအခိုက်အန္တရာယ်မရှိဘဲ ဘေးကင်းအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။