28 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၃၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဩဂုတ် ၃၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၃၁ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

အကြမ်းဖက်စစ်ကောင်စီက ဒီကနေ့ ဩဂုတ်လ ၃၁ ရက်နေ့ ဝန်ထမ်းလစာတွေထဲမှာ နှစ်သောင်းတန် ငွေစက္ကူတွေကို ထည့်သွင်းအသုံးပြုနေပြီး မကြာမီမှာလည်း စစ်ကောင်စီက ငွေပေးချေမယ့် ဝန်ကြီးဌာန လမ်းတံတား နဲ့ အဆောက်အအုံ တင်ဒါတွေမှာပါ နှစ်သောင်းတန်တွေကိုပဲ အဓိကအသုံးပြုမှာဖြစ်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ် သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

– ကရင်နီပြည်နယ်၊ ဒီးမော့ဆို-ဖရူဆို ကားလမ်းပိုင်းမှာ တစ်လတာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲ အကြမ်းဖက် စစ်တပ်ဘက်က တပ်ရင်းမှုး နဲ့ ဒုတပ်ရင်းမှုးတွေ အပါအဝင် အယောက် ၇၀ ကျော် သေသွားတဲ့ အပြင် လက်နက်အများအပြားကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။

– ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် နဲ့ ကွတ်ခိုင် မြို့နယ်တွေမှာ အကြမ်းဖက် စစ်တပ် နဲ့ TNLA တပ်အကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article