25 C
Yangon

ကလေးမြို့နယ်တွင် ဩဂုတ်လအတွင်း စစ်တပ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၇ ဦးသေဆုံး၊ သာစည်ရွာရှိ ရာနှင့်ချီသော နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ကလေးမြို့နယ်တွင် ဩဂုတ်လအတွင်း စစ်တပ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၇ ဦးသေဆုံး၊ သာစည်ရွာရှိ ရာနှင့်ချီသော နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဩဂုတ် ၃၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ဩဂုတ်လအတွင်း စစ်တပ် သတ်ဖြတ်ခြင်းကြောင့် ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လအတွင်း ကလေးမြို့နယ် မြောက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် ထောင်ထားသော နင်းမိုင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး မြို့တွင်းပစ်ခတ်မူကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း၊ အလားတူ ကလေးမြို့ တောင်ပိုင်းရှိ သာစည်ကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ထိုးဝင်ရောက်ချိန်တွင် ပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့​ပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီး​ကျည် ထိမှန်ပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။

ထို့ပြင် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကလေးမြို့အနောက်ပိုင်း စက္ကန့်ရွာအနီးသို့ ဆေးခန်းပြရန် လာသည့် သားအမိ ၂ ဦးကို အကြမ်းဖက်စစ်တပ်မှ သေနတ်ဖြင့် ပစ်သတ်၍ ဆိုင်ကယ်နှင့် အတူ ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဩဂုတ်လ ၁၀ ရက်နေ့တွင်လည်း ကလေးမြို့ အနောက်ပိုင်းရှိ ကျေးရွာများဖြစ်သည့် မွန်ထာ၊ မြို့လှ၊ အင်ဒိုင်းကုန်း၊ စက္ကန့်ရွာများကို စစ်ကြောင်းထိုးကာ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် သာစည်ကျေးရွာကို ဩဂုတ်လ ၁၅ ရက်နေ့တွင် စစ်ကြောင်းထိုးခဲ့ပြီး ဩဂုတ်လ ၁၆ ရက်နေ့မှ စ၍ ကျေးရွာတွင်းရှိ နေအိမ်များကို နေ့စဥ် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကာ နေအိမ် ရာနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ပြီး အရေအတွက် အတိအကျကို အတည်မပြုနိုင်သေး​ဘဲ သာစည်ကျေးရွာသည် အိမ်ခြေ ၁၅၀၀ ခန့်ရှိသော ကျေးရွာကြီး တစ်ရွာဖြစ်ကြောင်း သိရသည်။

သာစည်ရွာကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးအင်အား ၂၀၀ ဝန်းကျင် စစ်ကြောင်းထိုးချိန်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်၏ အမြောက်တပ်မှ လက်နက်ကြီးများနှင့်ပါ ပစ်ခတ်ရာတွင် ဓာတုလက်နက်များ အသုံးပြုခဲ့ကြောင်း၊ ဓာတုလက်နက်ကြောင့် ပြည်သူ ၂၀ ခန့် အသက်ရှူမဝခြင်း၊ ခေတ္တသတိလစ်မေ့မျောခြင်း၊ သွေးပေါင်ကျခြင်း၊ ခန္ဓာကိုယ် နုံးချိခြင်း စသည့် ဝေဒနာများ ခံစားခဲ့ရကြောင်း ဆေးတပ်ဖွဲ့ရဲဘော်တစ်ဦးမှ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article