KNU တပ်မဟာ ၆ နယ်မြေရှိ စစ်တပ်၏ ဥကရစ်ထ စခန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
ရန်ကုန်၊ သြဂုတ် ၃၁
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေရှိ အကြမ်းဖက် စစ်တပ်၏ ဥကရစ်ထ စခန်းကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Cobra Column 2 VENOM စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၃၀ ရက်နေ့ နံနက်အစောပိုင်း ၆ နာရီခန့်တွင် တပ်မဟာ ၆ နယ်မြေရှိ အကြမ်းဖက် စစ်တပ်၏ ဥကရစ်ထ ခြေကုတ်စခန်းကို VENOM စစ်ကြောင်းမှူး ဗိုလ်မှူးစောဝင်းမြင့်မှ ၆၀ မမ ဖြင့် စတင်ပစ်ခတ်ခဲ့ပြီး VENOM စစ်ကြောင်းမှ စနိုက်ပါသမားက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိမှန်သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ဖြင့်ပတ်ခတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်ဘက်မှလည်း ၄၀ မမ ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး စနိုက်ပါ ၂ ချက် ပစ်ခတ်ပြီးနောက် လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း VENOM စစ်ကြောင်းဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရသည်။
ယင်းနေ့ ည ၇ နာရီ ၃၀ နာရီမိနစ်ခန့်တွင် KNDO ပူးပေါင်းအဖွဲ့နှင့် အတူ RPG ဖြင့် ထပ်မံ သွားရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦး ထပ်မံ သေဆုံးကြောင်း၊ ဒဏ်ရာရ စစ်သားများကိုလည်း Ambulance များဖြင့် ဝေါလေဘက်ကို သယ်ဆောင်သွားပြီး အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခက်ခဲ့သော်လည်း VENOM စစ်ကြောင်းမှ ရဲဘော်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
ရာသီဥတု အခက်အခဲများကြားမှ ဇွဲသတ္တိအပြည့်ဖြင့် အကြမ်းဖက်စစ်တပ်ကို ချီတက်တိုက်ပွဲဝင်ခဲ့သည့် VENOM စစ်သည် တစ်ဦးချင်းစီအား ဂုဏ်ယူစွာ မှတ်တမ်းတင်အပ်ကြောင်းနှင့် Cobra Column 2 VENOM စစ်ကြောင်းသည် လိုအပ်သည်များကို ပြင်ဆင် ဖြည့်စွတ်လျက် အကြမ်းဖက်စစ်ကောင်စီတပ်များအား အနားမပေးပဲ ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။