အုတ်တွင်းနှင့် ထန်းတပင် မြို့နယ်အစပ် မြို့ဆိုးရွာတွင် စစ်တပ် ပစ်ခတ်သည့် ဗုံးကျ၍ ပြည်သူ ၂ ဦး ထိမှန် သေဆုံး၊ တိုက်ပွဲဖြစ်ပွားစဉ် စစ်သား ၆ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၃၁
ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ထန်းတပင် မြို့နယ်အစပ် မြို့ဆိုးရွာကို အကြမ်း ဖက် စစ်တပ်က ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ဗုံးထိမှန် သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ယနေ့ ဩဂုတ် ၃၁ ရက်နေ့ နံနက် ၄ နာရီ ခန့်မှ စတင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်တပ်အကြား အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားရာ တော် လှန်ရေးအဖွဲ့များ မရှိသည့် မြို့ဆိုးရွာထဲသို့ ရမ်းသမ်း ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်သည့် ဗုံးထိမှန်၍ သေဆုံးသွားသူများမှာ ကိုဝင်းအောင်နှင် မမီးမီးတို့ဖြစ်ကြပြီး ဇနီးမောင်နှံများ ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့ အုတ်တွင်းနှင့် ထန်းတပင် မြို့နယ်အစပ် မြို့ဆိုးရွာတိုက်ပွဲတွင် တော်လှန်ရေးအဖွဲ့နှင့် အကြမ်းဖက်စစ်တပ်တို့ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သား ၆ ဦး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသပြည်သူများ ထံမှ သိရှိရသည်။
“အခုတော့ စစ်ခွေးတွေက ရွာထဲပစ်နေတော့ PDF ဘက်က ပြန်မပစ်ဘူး။ ရွာထဲကို ရမ်းပစ်တာ။ စစ်တပ်က တံတားကိုပိတ်ဆို့ထားတယ် ။ ရွာသားတွေ ထွက်လို့မရဘူး။ အခုမနက် ၄နာရီကဖြစ်တာ။ စစ်သား ၆ ယောက်သေတယ်”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။
ဓာတ်ပုံ- စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ပြည်သူ ၂ ဦး။