Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၁ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– မြန်မာနိုင်ငံမှာ ကုန်စျေးနှုန်းကြီးမြင့်မှုကို အကြောင်းပြပြီး စစ်တပ်က စီးပွားရေးသမားတွေကို ပစ်မှတ်ထား ဖမ်းဆီးအရေးယူလာမှုအပေါ် စီးပွားရေးသမားတွေ၊ လုပ်ငန်းရှင်တွေနဲ့ ကုန်သည် အသိုင်းအ၀ိုင်းက အလွန်စိုးရိမ်ထိတ်လန့်နေကြတယ်လို့ UMFCCIနဲ့ စီးပွားရေးအသိုင်းအ၀ိုင်းက ပြောပါတယ်။
– မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဦးဆောင်ပြီး သြဂုတ်လ ၃၁ ရက်နေ့က နိုင်ငံရေးအကျဥ်းသားတွေ ထောင်ဝင်စာတွေ့ခွင့်ရရှိရေး လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
– ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက် အောက်ခံ ဗိုလ်ကြီးတင်မျိုးအောင်ကို ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွားပြီး သေနတ် ၁ လက်နဲ့ ဆက်စပ် ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။