25 C
Yangon

ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

Must read

ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦးမြို့နှင့် ကံသာယာကျေးရွာကြားတွင် အင်အား ၁၀၀ ကျော်ပါ စစ် ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း MRDA ၊ စေတန်တပ်ခွဲမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် မုံရွာမြို့ နမခတပ်အတွင်းမှ ခင်ဦးမြို့ဘက်သို့ ခြေလျင်စစ် ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းကို ခင်ဦးမြို့နှင့် ကံသာယာကျေးရွာကြားအရောက် ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိကာ ခင်ဦးဆေးရုံ၌ ဆေးကုမှု ခံယူနေကြောင်းသိရသည်။

“စစ်ကြောင်းလာတာကို ကြိုတင်သိလို့ ကြိုစောင့်နေတာ၊ လယ်ကွင်းပြင်ကြီးဆိုတော့ ဘာမှလည်း အကာအကွယ်မရှိဘူး၊ စနိုက်ပါနဲ့ ပစ်တာတော့ ကျတယ်၊ နီးနီးလေးဆိုတော့ မြင်နေရတာ၊ တိုက်ပွဲဖြစ် တာက ၅ နာရီလောက်ဖြစ်တယ်၊ ည ၈ နာရီခွဲ ၉ နာရီလောက်ကျမှ ကားနဲ့လာသယ်သွားတယ်၊ ကျနော် တို့ပစ်တော့ သူတို့ စပါးခင်းတွေထဲမှာ ဝပ်နေရတာ၊ ကျနော်တို့ပြန်ကြည့်တဲ့အချိန်မှာ ထိထားတာ တွေ တွေ့တယ်၊ အင်အားက ၁၀၀ ကျော်ဆိုတော့ အတန်းကြီးကလည်း ရှည်တယ်၊ ကျနော်တို့ တာက နောက်ပိုင်းကို တိုက်တာ၊ ရှေ့က ခင်ဦးမြို့ထဲဝင်သွားပြီ၊ အဲလောက်အထိ အတန်းကရှည်တာ၊ တစ်ဦးနဲ့တစ်ဦး ကလည်း တော်တော်လေးခွာသွားတယ်၊ “ ဟု MRDA ၊ စေတန်တပ်ခွဲမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို MRDA စေတန်တပ်အဖွဲ့မှ ဦးဆောင်၍ စေတန် တပ်စု၊ RTGF ၊ ခငးဦးမြို့နယ် ပလဖ အဖွဲ့တို့ ပူးပေါင်းကာ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ပြည်သူတွေလား ပျူတွေလားမသိဘူး၊ ၃ ယောက်တစ်တွဲ၊ ၄ ယောက်တစ်တွဲကြားထဲမှ အထုပ် ထမ်းပြီး တော့ အရပ်ဝတ်တွေနဲ့ ပြည်သူတွေပုံစံမျိုးပါတယ်ဗျ၊ ပေါ်တာဆွဲတဲ့သဘောများလား၊ ဒါမှမဟုတ် ထောင်သားတွေများ ထုတ်သုံးတာများလား အဲလိုသဘောပဲ၊ လမ်းပြပေးတဲ့ ပျူတွေလည်း ဖြစ်နိုင်တယ်၊ ခင်ဦး မြို့ထဲရောက်တော့ ကြိမ်းသွားတယ်တဲ့၊ စစ်ကြောင်းကတော့ ရွှေဘိုဘက်ဆက်သွားတယ်လို့ ယူဆရ တယ်၊ အထမ်းတွေနဲ့ရောပါတယ်လို့ ကြားတာ” ဟု MRDA ၊ စေတန်တပ်ခွဲမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- တိုက်ခိုက်မှုတွင် ပါဝင်သော RTGF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article