32 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရပြီး ကျေးရွာ ၈ ရွာမှ ပြည်သူများ ထွက်ပြေးနေရ

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရပြီး ကျေးရွာ ၈ ရွာမှ ပြည်သူများ ထွက်ပြေးနေရ

ရန်ကုန်၊ စက်တင်ဘာ ၁

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးဒဏ်ရာရပြီး ကျေးရွာ ၈ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။

သြဂုတ်လ ၃၀ ရက်နေ့တွင် မူး(မုန်း)မြို့နယ်၊ သစ်ချဆိပ်ကျေးရွာအနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် လာရောက် ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် သစ်ချဆိပ်ကျေးရွာ၊ ဖိုးသောစုကျေးရွာ၊ မျက်ရဲကရင်ရွာ၊ မျက်ရဲဗမာရွာ၊ တိုင်ပင်ရွာ၊ ကျွန်းကုန်းရွာ၊ ဥသျှစ်ခင်ရွာ၊ ငလောက်တိုက်ရွာ စသည့် ကျေးရွာပေါင်း ၈ ရွာမှ ပြည်သူ ၅၆၆၂ ဦး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် သြဂုတ်လ ၃၀ ရက်နေ့ ည ၁၀ နာရီ ၄၁ မိနစ်ခန့်တွင် ဆောထိ(ရွှေကျင်)မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ−၂၀ တပ်ရင်းက ၁၂၂ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် အင်းဗလာကျေးရွာ အတွင်းကို ပစ်ခတ်ခဲ့သောကြောင့် ဦးကြည်သိန်း၏ လယ်ထဲကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်မှ စတင်ပြီး ထန်းတပင်ရထားလမ်းကုန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ၆၀ မမ လက်နက်ကြီးများဖြင့် ချုံးအင်းရွာရှိ သီဟိုခြံအတွင်း ပစ်ထည့်ခဲ့ကြောင်း၊ နံနက် ၁ဝ နာရီ ၅၀ မိနစ်တွင် ထပ်မံပစ်ခတ်လိုက်သော လက်နက်ကြီးများသည် ချုံအင်းကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ညားဖောလေးထူး၏ နေအိမ်ပျက်စီးကာ ညာလက်လက်မောင်းကို လက်နက်ကြီး ကျည်စထိမှန်ကာ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထန်းတပင်ရထားလမ်းကုန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ည ၇ နာရီ ၃၁ မိနစ်မှ စတင်ပြီး လက်နက်ကြီးများဖြင့် ထပ်မံ ဆက်လက်ပစ်ခတ်ခဲ့ပြီး ပျဉ်ရေအနောက်ဘက်ချမ်းနှင့် ချုံအင်းကျေးရွာအနီး ကျရောက် ပေါက်ကွဲခဲ့ကာ ထိခိုက်ပျက်စီးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article