35 C
Yangon

တောင်သာ ၊ မြင်းခြံ နှင့်ရေဖြူတို့တွင် စစ်သားဟောင်း၊ ရာအိမ်မှူးနှင့်အုပ်ချုပ်ရေးမှူးများ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

Must read

တောင်သာ ၊ မြင်းခြံ နှင့်ရေဖြူတို့တွင် စစ်သားဟောင်း၊ ရာအိမ်မှူးနှင့်အုပ်ချုပ်ရေးမှူးများ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁

မန္တလေးတိုင်း၊ တောင်သာမြို့နယ်နှင့် မြင်းခြံမြို့နယ်၊ တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ်တို့တွင် စစ်သားဟောင်း၊ ရာအိမ်မှူးနှင့်အုပ်ချုပ်ရေးမှူးများ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြိုနယ်၊ နန်းတည်ကျေးရွာအုပ်စု၊ ရွာလေးကျေးရွာအဝင်လမ်းတွင် ရာအိမ်မှူး တင်သိန်းကို သေနတ်သမားတချို့က ပစ်ခတ်ရာ တင်သိန်းသည် သေနတ်ကျည်ထိမှန်၍ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ဦးတင်သိန်းက ဆယ်အိမ်မှူးကနေ ရာအိမ်မှူး တက်လုပ်နေတာ။ လုပ်မယ့်သူမရှိချိန် သူက တက်လုပ်တာပါ။ အသက် ၆၀ ကျော်နေပြီ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျောက်ကညာရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး စိန်အောင်နှင့် ဇနီး မိစန်းအေး တို့ ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ရေဖြူမြို့နယ် ကျောက်ကညာရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး စိန်အောင်နှင့် ဇနီး မိစန်းအေး တို့သည် ကျောက်ကညာရွာဘုန်းကြီးကျောင်းမှ ဥပုသ်သီလယူပြီးအိမ်အပြန် ကျောက်ကညာရွာတံတားအနီးတွင် သေနတ်သမားတချို့က ပစ်ခတ်သွားခြင်းဖြစ်ပြီး ယခုထားဝယ်မြို့ရှိ အမှတ်(၁၂) တပ်မတော်ကုတင် ၁၀၀ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း၊ အသက်အန္တရယ် စိုးရိမ်စရာမရှိကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန် မန္တလေး တိုင်း၊ မြင်းခြံမြိုနယ်၊သစ်ရုံကျေးရွာနေ စစ်သားဟောင်း ထွန်းထွန်း သည် ၎င်း၏နေအိမ်၌ တစ်ဉီးတည်းရှိနေစဉ် သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article