29 C
Yangon

ရွှေကူမြို့နယ်၊ ကျောက်ကြီးရဲစခန်းကို KIAနှင့် PDF က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ၊ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ

Must read

ရွှေကူမြို့နယ်၊ ကျောက်ကြီးရဲစခန်းကို KIAနှင့် PDF က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ၊ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ

ရန်ကုန်၊ စက်တင်ဘာ ၁

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိပြီး စစ်တပ်က‌လေကြောင်းမှ ဗုံးကျဲနေကြောင်း ရွှေကူ PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၃ နာရီခန့်အချိန် အကြမ်းဖက်စစ်သား၊ ရဲ ပူးပေါင်း အင်အား ၅၀ ခန့်ဖြင့်တပ်စွဲထားသော ရွှေကူမြို့နယ်၊ ကျောက်ကြီးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ စခန်းအတွင်းရှိ လက်နက်ခဲယမ်းအများ အပြားကို သိမ်းပိုက်ကာ ပြန်လည် ဆုတ်ခွာလာခဲ့ကြောင်း၊ ထိုသို့ ဆုတ်ခွာလာပြီးနောက် အကြမ်းဖက် စစ်တပ်က လေကြောင်းက လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကျောက်ကြီးရဲစခန်းကို သိမ်းတယ်၊ သိမ်းပြီးတော့ အထိုင်လုပ်နေလို့မရဘူး၊ မနက် ၃ နာရီလောက်က စခန်းကို ဝင်တိုက်တော့ ၅ နာရီလောက်အထိပေါ့၊ သူတို့တွေ ဆုတ်ပြေးသွားတယ်၊ လက်နက်ရော၊ ခဲ ယမ်းရော တော်တော်များ များရလိုက်တာပေါ့၊ အရေအတွက်ကတော့ အတိအကျမသိရဘူး၊ စခန်းကို အချိန်ကြာကြာထိုင်ထားလို့ မရဘူး၊ သိမ်းပြီးတာနဲ့ ယူစရာရှိတာယူပြီး ပြန်ဆုတ်လာခဲ့တာ၊ အားလုံး ပြီးမှ ပစ္စည်းတွေဘာတွေ သိမ်း ပြီး စွန့်ခွာပြီးမှ လေယာဉ်တွေနဲ့ ဗုံးလာကျဲ တာ၊” ဟု ရွှေကူ PDF တပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာအမျိုးအစားလေယာဉ်၊ Mi35 အမျိုးအစား ရဟတ်ယာဉ်တို့ဖြင့် လာ ရောက်ဗုံးကျဲနေခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများမှာ ထွက်ပြေးနေရကြောင်း၊ KIA ၊ PDF ပူးပေါင်း တပ် ဖွဲ့ဝင်များ အားလုံးအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းစခန်းသိမ်းပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဆုတ်ခွာထွက်ပြေးသွားသဖြင့် သေဆုံးမှု သိပ်မရှိကြောင်း၊ အလားတူ ကသာမြို့နယ်အရှေ့ဘက်ခြမ်း၊ KIA တပ်ရင်း ၁၂ နယ်မြေအတွင်း၌ လည်း တိုက်ပွဲဖြစ်နေပြီး အကြမ်းဖက်စစ်သား အများအပြားသေဆုံးမှုရှိကြောင်း သိရသည်။

“အဲဒီဘက်မှာတော့ ခွေးအကျအဆုံးသိပ်မရှိဘူး၊ သူတို့တွေက မခံနိုင်လို့ ဆုတ်ပြေးတာပေါ့၊ စခန်းစွန့်ခွာ တာပေါ့၊ အတိအကျတော့ မသိဘူး၊ အကြမ်းဖျင်းလောက်ပဲ သိတာ၊ ကျနော်တို့ ရင်း ၁၂ နယ်မြေ ကသာ အရှေ့ဘက်ခြမ်းပေါ့၊ အဲဒီဘက်မှာလည်း ဖြစ်တော့ ဖြစ်နေတယ်၊ အဲဒီဘက်မှာက ခွေးသေဆုံးမှု တော် တော်များတယ်၊” ဟု ရွှေကူ PDF တပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article