26 C
Yangon

မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနတွင် ဗုံးပေါက်ကွဲမှု Non-CDM ကျန်းမာရေးဝန်ထမ်းများ ထိခိုက်ဒဏ်ရာရပြီး တစ်ဦး အသက်အန္တရာယ် စိုးရိ‌မ်နေရ

Must read

မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနတွင် ဗုံးပေါက်ကွဲမှု Non-CDM ကျန်းမာရေးဝန်ထမ်းများ ထိခိုက်ဒဏ်ရာရပြီး တစ်ဦး အသက်အန္တရာယ် စိုးရိ‌မ်နေရ

ရန်ကုန်၊ စက်တင်ဘာ ၁

မန္တလေးမြို့၊မန္တလေးတိုင်းဒေသကြီး ချမ်း အေးသာစံမြိုနယ်၊ လမ်း ၇၀၊ ၂၇-၂၈ လမ်း ကြားရှိ မန္တလေးတိုင်း ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ယမန်နေ့ ဗုံးပေါက်ကွဲခဲ့ရာ Non-CDM ကျန်းမာရေး ဝန်ထမ်း ၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီးတစ်ဦးမှာ စိုးရိမ်နေရကြောင်း သိရှိရသည်။

ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့် မန္တလေးတိုင်း ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ရုံးတွင်း ဗုံးပေါက်ကွဲမှုကြောင့် Non CDM ၈ ဦးခန့်ဒဏ်ရာရရှိကြောင်း၊ ဝန်ထမ်း အမျိုးသမီး ၁ ဦးမှာ အသက်အန္တရာယ်စိုးရိမ်နေရကြောင်း သိရှိရသည်။

” ဗုံးပေါက်ကွဲတဲ့နေ့က တိုင်းဦးစီးမှူး ဒုညွှန်ချုပ် ဒေါက်တာဝင်းနိုင်က ဝန်ထမ်းတွေ အားလုံးကို အိမ်ပြန်ခိုင်းတယ်။ ရုံးကို ဗုံးဖောက်လို့ ဒေါသထွက်ပြတာ။ ဒေါက်တာဝင်းနိုင်က လာဘ်မျှော်ကိုးသူဖြစ်ပြီး NLDလက်ထက် ဝန်ကြီး ဒေါက်တာ မြင့်ထွေး နဲ့ အဆင်မပြေခဲ့တဲ့ပုံစံဖန်တီးပြီး ဒေါက်တာ ဒေါ်သန်းသန်း မြင့်ကို နေရာအားချိန်ရွယ်နေတာ။ အာဏာသိမ်းချိန်မှ ဒုညွှန်ချုပ် တက်ဖြစ်လာခဲ့တဲ့သူက။ ဗုံးပေါက်လို့ အမျိုးသမီး ၁ ဦး စိုးရိမ်ရတယ်လို့ သိရပါတယ်” ဟု မန္တလေးတိုင်း ကျန်းမာရေး သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

ဓာတ်ပုံ- ဗုံးပေါက်ကွဲခဲ့သည့် မန္တလေးတိုင်းကျန်းမာရေးရုံး။(ပုံအဟောင်း ဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article