24 C
Yangon

ပခုက္ကူရှိ မကျီးတန်းရွာကို စစ်တပ်က စီးနင်းပြီး စိတ်ဝေဒနာရှင် ၁ ဦးကို သတ်ဖြတ်ကာ ပြည်သူ ၂ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွား၊ ငါးဇွန်တွင်လည်း ပြည်သူ ၂ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး

Must read

ပခုက္ကူရှိ မကျီးတန်းရွာကို စစ်တပ်က စီးနင်းပြီး စိတ်ဝေဒနာရှင် ၁ ဦးကို သတ်ဖြတ်ကာ ပြည်သူ ၂ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွား၊ ငါးဇွန်တွင်လည်း ပြည်သူ ၂ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး

ရန်ကုန်၊ စက်တင်ဘာ ၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ မကျီးတန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး စိတ်ဝေဒနာရှင် ၁ ဦးကို သတ်ဖြတ်ကာ ပြည်သူ ၂ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ပခုက္ကူမြို့နယ်၊ မကျီးတန်းရွာကို ဝင်ရောက် စီးနင်းပြီး ကျေးရွာအတွင်းမှ ပြည်သူ့ပိုင် ပစ္စည်းများကို ဖျက်ဆီးလုယက်ကာ ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ဖမ်းဆီးသတ်ဖြတ်ခဲ့သူသည် အသက် ၄၀ အရွယ် စိတ်ဝေဒနာ ခံစားနေရသည့် အမျိုးသား ၁ ဦးဖြစ်ပြီး လည်ပင်း ထိုးသွင်း ဒါဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် စစ်တပ်က ကျေးရွာနေ ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က အမျိုးသမီး ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၉ ရက်နေ့တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ နဘဲပင်ရွာမှ အမျိုးသမီး ၂ ဦးနှင့် မလဲကျင်းရွာမှ အမျိုးသမီး ၂ ဦးသည် မန္တလေးမြို့သို့ အလုပ်သွားလျှောက်စဥ် တံတာဦး အရောက်၌ အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးထားသူများထဲမှ မလဲကျင်းရွာသား အမျိုးသမီး ၂ ဦးကို ငါန်းဇွန် အရောက်တွင် စစ်သားများက ပြန်လွှတ်ပေးခဲ့ပြီး နဘဲပင်ရွာမှ အမျိုးသမီး ၂ ဦးကို လက်ရှိချိန်ထိ ငါန်းဇွန်မြို့ ရဲစခန်း၌ ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

Photo – REUTERS

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article