မေမြို့ သပိတ် အင်အားစုများက စစ်တပ် ထုတ်ကုန် မသုံးစွဲရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ စက်တင်ဘာ ၁
မေမြို့သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့၌ အကြမ်းဖက် စစ်တပ် ထုတ်ကုန် မသုံးစွဲရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်တပ် ထုတ်ကုန်များမှာ မြန်မာဘီယာ(Myanmar Beer) ၊ အက်(ထ)မန် တံဆိပ်(Andaman Gold)အရက်၊ ဘီယာ၊ အချိုရည် ၊ ဒဂုံ တံဆိပ်(Dragon)အရက်၊ ဘီယာ၊ အချိုရည် ၊ ဘလက်ရှီး စတောက်ဘီယာ(Black Shield Stout) ၊ မန္တလေး ဘီယာ၊ ရမ်(Mandalay) ၊ အာမီရမ်(Army Rum) ၊ Red Ruby စီးကရက် နှင့် Premium Gold စီးကရက် တို့ဖြစ်ကြောင်း သိရှိရသည်။