ပခုက္ကူ-ရေစကြိုလမ်းတွင် ပျူစောထီး ကားတစ်စီးကို ပစ်ခတ် တိုက်ခိုက်၊ ပြည်သူ့ကား ဖြစ်မည် စိုးရိမ်သဖြင့် သေနတ်ရရှိမည့် အခွင့်အရေး ဆုံးရှုံးခဲ့ရသည်ဟု Young Force (UG) တာဝန်ရှိသူ ပြော
ရန်ကုန်၊ စက်တင်ဘာလ ၂
မကွေးတိုင်း၊ ပခုက္ကူမြို့မှ ရေစကြိုမြို့လာသော ပျူစောထီးများ လိုက်ပါလာသည့် Alphard ကားတစ်စီး ကို ပစ်ခတ်ခဲ့ရာ ပြည်သူ့ကားဖြစ်မည်စိုးရိမ်သဖြင့် ရှောင်ရှားခဲ့ရမှုကြောင့် လက်နက်ရရှိမည့်အခွင့် အရေး ဆုံးရှုံးခဲ့ရကြောင်း Young Force UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၁ ရက် ညနေပိုင်းက ပခုက္ကူမြို့မှ ရေစကြိုမြို့ဘက်သို့ထွက်လာသော မှန်ချ ထားခြင်းမရှိသော ဆင်းချောင်းကျေးရွာနှင့် ဂွေးချိုကျေးရွာမှ ပျူစောထီးများလိုက်ပါလာသည့် Alphard ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ မသင်္ကာဖြစ်ပြီး ပြည်သူများစီးနင်းလာသည့် ကားဖြစ် မည်စိုးရိမ်သဖြင့် ကားဘီးနှင့်အောက်ပိုင်းကို အဓိကထားကာ ပစ်ခတ်တိုက်ခိုက်ခဲ့ရကြောင်းသိရသည်။
“ကျနော်တို့ ကင်းပုန်းနဲ့တွေ့တာ၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်းမှာ မနက် ၆ နာရီကနေ ည ၇ နာရီအတွင်း ကို အသုံးပြုရမယ်၊ပြီးတော့အိမ်စီးကားတွေအနေနဲ့ မှားယွင်းပစ်ခတ်မှုမဖြစ်အောင်လို့ ကားမှန်လေးချ ပေးဖို့ တောင်းဆိုထားတာရှိတယ်၊ ခွေးတွေတော်တော်များများကလည်း အာရာဖတ်သုံးရင်သုံး မသုံးရင် စူပါကာစတန်ကို သုံးကြတာ၊ ဘာလို့ဆိုရင် သူတို့က နာရေးကူညီမှုအသင်းကားတို့ ရွာကကားတွေကိုပဲ သုံးတာများတဲ့အတွက် ခွေးတွေသုံးတာ စူပါကာစတန်ရယ်၊ အာရာဖက်ရယ်အဲဒီနှစ်မျိုးပဲ အသုံးများ တယ်၊ ကျနော်တို့ဒီနေ့ ကင်းပုန်းနဲ့တွေ့ကျတော့ အာရာဖက်က မှန်မချဘူးပေါ့နော၊ ဒီနေ့ဖြစ်တာက တိုက်ခိုက်ရေးခေါင်းဆောင်ကတော့ပါသွားတယ်၊ ဒါပေမယ့် ဆုံးဖြတ်ချက် ချနိုင်မယ့် အကြီးမပါတာပေါ့၊ ကျနော်တို့က မှန်မချရင် ပစ်မိန့်ပေးထားတာ၊ ကားအောက်ပိုင်းနဲ့ဘော်ဒီကိုပစ်တာပေါ့၊ ကားအောက် ပိုင်း ဘီးကို ပစ်ရင် ကားဘီးပေါက်ပြီးတော့ ကားရပ်အောင်ပေါ့၊ အပေါ်ကိုပစ်ရင်တော့ ခေါင်းတွေ မှန်ပြီး တော့ တစ်ခါတည်းသေမှာကိုး၊ ကားမှန်မချထားဘူးဆိုရင် ပြည်သူ့ကားလား၊ ခွေးကားလား မသဲကွဲတဲ့ အတွက် ကားဘီးတွေကို ပစ်ခို်ငးတာ၊” Young Force UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ပြည်သူများထိခိုက်နစ်နာမည်စိုးရိမ်သည်ကို ငဲ့ကွက်လိုက်ရသဖြင့် လက်နက်ရရှိမည့်အခွင့်အရေး ဆုံးရှုံးခဲ့ရပြီး နောက်နောင်တွင် မှန်ချထားခြင်းမရှိသော မည့်ကားမျိုးကို မဆို ပစ်ခတ်တိုက်ခိုက်သွား မည်ဖြစ်ကြောင်း၊ နောက်ဆက်တွဲအကျိုးဆက်ကို တာဝန်ယူမည်မဟုတ်ကြောင်း Young Force UG တပ်ဖွဲ့မှ အသိပေးထားသည်။
“မြို့ထဲကသတင်းပေးတာကျတော့ အဲဒီအာရာဖက်က ခွေးကား ဟုတ်တယ်၊ ခွေးက ပျူကားပေါ့နော၊ မြို့ထဲကနေကတည်း မှန်မချပဲမောင်းသွားတာ၊ ဒါပေမယ့် ပြည်သူဖြစ်နေရင် နစ်နာမယ်စိုးတာကြောင့် လက်လွတ်ဆုံးရှုံးလိုက်ရတာ၊ ဒါကတော့ နောက်ဆုံးပဲ၊ ဘယ်ကားပဲဖြစ်နေနေ နာရေးကားပဲဖြစ်ဖြစ် အဲဒီလမ်းပိုင်းကို အသုံးပြုမယ်ဆိုရင် မှန်မချပဲ တင်ထားတယ်ဆိုရင်ပစ်တော့မှာ၊ ရှေ့လျှောက်မှာလည်း ရှိခဲ့ဘူးတယ်၊ ကင်းပုန်းကတစ်ပတ်လောက်ဝပ်ရတယ်၊ ပင်ပင်ပန်းပန်းတစ်ပတ်လောက်ဝပ်ရတယ်၊ ကင်း ပုန်းဝပ်တဲ့နားကို ပြည်သူတွေကလာတယ်၊ သတင်းမပေါက်အောင် ပြည်သူတွေကို ထိန်းသိမ်း ထားရ တယ်၊ အဲလိုထိန်းသိမ်းထားတဲ့အချိန်မှာ လူမိုက်တွေက ဓားတွေဘာတွေနဲ့လိုက်လာတယ်၊ သူတို့ ကိုပါ ထိန်းသိမ်းထားလို့မရတော့ ပြန်လွှတ်လိုက်ရတယ်၊ ပြန်လွှတ်လိုက်တာနဲ့ သတင်းပေါက်သွားတော့ ကျနော်တို့ ကင်းပုန်းဝပ်တဲ့နေရာမှာ ခွေးတွေက လာပြန်ဝပ်တာပေါ့၊ ကိုယ်က မုဆိုးဖြစ်နေတဲ့ နေရာက နေ သားကောင်ဖြစ်သွားရတဲ့ ဖြစ်စဉ်တွေ အများကြီးရှိတယ်၊” Young Force UG တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင်တပ်ရင်း ၁၃ ၊ ပခုက္ကူမြိုနယ် ပကဖ တပ်ခွဲ ၂ ၊ Young Force (UG)၊ Shwe Nyar Myae (PDF) နှင့် Pakokku Ranger တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
