မြောင်မြို့နယ်၊ ထွေ/အုပ်ရုံးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ဘီလူး စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၄ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၂
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ထွေ/အုပ်ရုံးတွင် တပ်စွဲထားသော အကြမ်း ဖက် ဘီလူး စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲချခဲ့ရာ စစ်သား ၄ ဦးသေဆုံးကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောဆိုသည်။
စက်တင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မြောင်မြို့နယ်၊ အထွေထွေအုပ် ချုပ် ရေးမှူးရုံးတွင် တပ်စွဲထားသော အကြမ်းဖက် ဘီလူးစစ်ကြောင်းကို ဒရုန်း ၅ စီး အသုံးပြု ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များက Shar Htoo WAW နည်းပညာကို အသုံးပြုထားသော ဒရုန်း ၅ စီးဖြင့် ဗုံး ၁၀ လုံး တိတိကျဲချခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်သား ၄ ဦးသေဆုံးကြောင်း၊ အထိအခိုက် သေဆုံးမှုများနိုင်ကြောင်း CDSOM က ပြောဆိုသည်။
စစ်ဆင်ရေးတွင် CDSOM ၏ အနောက် 001 ၊ မြောင်မြို့နယ် ပလဖ၊ ဆင်ရိုင်းစစ်ကြောင်း-မြောင်၊ အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)-MZW ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၄ MSPDF ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂ ၊ တပ်ခွဲ ၃ ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၆ ၊ တပ်ခွဲ ၃ ၊ မြောင်မြို့မတိုက်နယ်နှင့် နဂါးပေါက်တိုက်နယ် ပကဖ၊ Blood Brothers ၊ ဗိုလ်တစ်ထောင်အဖွဲ့၊ Bomb God အဖွဲ့၊ မြောင်မြို့နယ် ပကဖဒုတာဝန်ခံ ဗိုလ်တောက်ထွန်းအဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။