Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-စင်ကာပူ UOB ဘဏ်ကနေ အကြမ်းဖက် စစ်ကောင်စီရဲ့ ဒေါ်လာအဝင်၊ အထွက်ငွေ စာရင်းအားလုံး ကို ပိတ်ပင်လိုက်ပြီဖြစ်တဲ့အတွက် ကမ္ဘာ့ငွေကြေးစျေးကွက်အတွင်း မြန်မာ စစ်တပ် ဝင်လို့မရတော့ သလို ၊ မြန်မာနိုင်ငံက VISA ကဒ် နဲ့ MASTER CARD ကိုအသုံးပြုပြီး ငွေလွှဲပြောင်းမှုတွေကိုလည်း စင်ကာပူ UOB ဘဏ်က တားမြစ်ပိတ်ပင်လိုက်ပါတယ်။
– အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ နေပြည်တော်က မာရဝိဇယ ရုပ်တုကို နိုင်ငံတစ်ဝန်းက သူ့လက် အောက်ခံ ဝန်ထမ်းတွေ အလှည့်ကျ လာရောက် ဖူးမြော်ရမယ်ဆိုပီး အကြမ်းဖက် မင်းအောင်လှိုင်က စေခိုင်းနေတယ်လို့ ဝန်ထမ်းသတင်းရင်းမြစ်တွေက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က လောင်းရှည်ရွာအနီးမှာ သြဂုတ်လ ၃၁ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။