27 C
Yangon

ပခုက္ကူ-ရေစကြိုလမ်းပေါ်တွင် ဆောက်လုပ်ရေးကုမ္ပဏီ ကားတစ်စီး ပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါသူ ၅ ဦး သေဆုံး၊ ပစ်ခတ်သည့်အဖွဲ့အစည်း မသိရသေးဘဲ စုံစမ်း ဖော်ထုတ်နေ

Must read

ပခုက္ကူ-ရေစကြိုလမ်းပေါ်တွင် ဆောက်လုပ်ရေးကုမ္ပဏီ ကားတစ်စီး ပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါသူ ၅ ဦး သေဆုံး၊ ပစ်ခတ်သည့်အဖွဲ့အစည်း မသိရသေးဘဲ စုံစမ်း ဖော်ထုတ်နေ

ရန်ကုန်၊ စက်တင်ဘာ ၂

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေစကြို-ပခုက္ကူလမ်းပိုင်း ကံသစ်ကျေးရွာနှင့် ကြီးကန်ကျေးရွာကြား လမ်းပေါ်တွင် ဆောက်လုပ်ရေးကုမ္ပဏီ ကားတစ်စီးပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါသူ ၅ ဦးစလုံးသေဆုံးခဲ့ ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဩဂုတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် ရေစကြိုမြို့၊ အမှတ် ၄ ရက်ကွက်အတွင်းရှိ ကန်ထရိုက် ဆောက်လုပ်နေသော အလယ်တန်း ကျောင်းတစ်ခု ပြီးစီးမှုအခြေအနေကို သွားရောက်စစ်ဆေးပြီး ရေစကြိုမြို့မှ ပခုက္ကူမြို့သို့ ပြန်လာသည့် ရဲရင့်အားမာန်ကုမ္ပဏီနှင့် မြန်မာ လျှံလင်း အောင်ကုမ္ပဏီပိုင် ရှင် မအေးအေးအောင် အပါအဝင် မခိုင်နွယ်လင်းနှင့် ကျန်အမျိုးသား ၃ ဦး စီးနင်းလိုက်ပါလာသည့် အဖြူရောင်ယာဉ် တစ်စီးကို ကံသစ်ကျေးရွာနှင့် ကြီးကန်ကျေးရွာကြား (ကြီး ကန်ကျေးရွာအနီး) အ ရောက် လက်နက် ကိုင် အဖွဲ့တစ်ခုက ပစ်ခတ်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား ၃ ဦး နှင့်အမျိုးသမီး ၂ ဦးသေဆုံး ခဲ့ကြောင်း ၊ သေဆုံးသွားသော အလောင်းများကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက လာရောက် သယ်ဆောင်သွား ကြောင်း သိရသည်။

“ဖြစ်စဉ်ကတော့ မှန်တယ်၊ လုပ်တဲ့အဖွဲ့အစည်းကိုတော့ သိတယ်၊ သက်သေအထောက်အထားမရှိတော့ ပြောလို့မရဘူးဖြစ်နေတယ်၊ ကျနော်တို့အဖွဲ့အစည်းကတော့ မဟုတ်ဘူး၊ ကုမ္ပဏီက ၂ ခုဗျ၊ ပခုက္ကူက ကုမ္ပဏီပဲ၊ ရေစကြိုမြို့ပေါ်က အစိုးရကျောင်းဆောက်လုပ်တဲ့ ကန်ထရိုက်၊ ကျောင်းဆောက်လုပ်တဲ့ ပြီး စီးမှုကို စစ်ဆေးပြီး အပြန်မှာ အဲလိုဖြစ်သွားတာလို့ သိရတယ်၊ တာအိုတာဝါတိုင်မှာတော့စစ်ခွေးတွေရှိ တယ်၊ အဲဒီနေ့ကတော့ လာကောက်သွားတယ်၊ အဲနေရာမှာတော့ အမြဲမရှိဘူး” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တိတိကျကျ သိရှိဖော်နိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စုံစမ်းနေ ကြောင်း ၊ ၎င်းတို့ ပစ်ခတ်ခဲ့သော ယာဉ်နှင့်သက်ဆိုင်ခြင်းမရှိကြောင်း Young Forces (UG) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

“ဘယ်ဘက်က လုပ်တယ်လို့တော့ တိတိကျကျ မသိရဘူးဗျ၊ ကျနော်တို့အဖွဲ့က လုပ်တာတော့ မဟုတ် ဘူး၊ အဲဒီဖြစ်စဉ်ကို တိတိကျကျ သိရဖို့ အကုန်လုံးကလည်းစုံစမ်းနေကြတုန်း၊ ပိုက်ဆံကလည်း သိန်းတစ် ရာ ကျော်ပါသွားတယ်လို့တော့ ပြောတယ်၊ နောက်ပြီးတော့ ပခုက္ကူ-ရေစကြို လမ်းတလျှောက်ကလည်း စစ်ကောင်စီ တွေများတယ်ဗျ၊ ဂိတ်တွေရော၊ တပ်စွဲထားတဲ့နေရာတွေရော၊ တော်‌ တော်တော်များတယ်၊ စစ်ကောင်စီဘက်ကနေ တဖက်လှည့်နဲ့လုပ်တာလည်း ဖြစ်နိုင်တယ်၊ အတိအကျတော့ ပြောလို့မရသေးဘူး၊” ဟု ၎င်းက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရေစကြိုမြို့နယ်အတွင်း ကျောင်းများဆောက်လုပ်နေသော ပြင်ပ ဆောက် လုပ်ရေးကုမ္ပဏီတစ်ခုမှ အရပ်သားပြည်သူအင်ယာအမျိုးသမီး ၂ ဦး အပါအဝင် ဆောက်လုပ်ရေး ဝန်ထမ်း အမျိုးသား ၃ ဦး စုစုပေါင်း ၅ ဦးကို ရေစကြိုမြို့မှ အပြန် PDF များက ဓားပြတိုက်သတ်ဖြတ်သည်ဟု အကြမ်းဖက်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်များတွင် စွပ်စွဲရေးသားထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article