27.9 C
Yangon

ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲနေ၊ ဖရူဆိုမြို့နယ်တွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု သေဆုံးသူများပြား

Must read

ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲနေ၊ ဖရူဆိုမြို့နယ်တွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု သေဆုံးသူများပြား

ရန်ကုန်၊ စက်တင်ဘာ ၂

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ​ပြောဆိုသည်။

စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းက စတင်ကာ ဒီးမော့ဆိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်ကြောင်း၊ ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် နံနက်အစောပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားရာနေရာများကို ကင်းထောက်လေယာဥ်များဖြင့် အဆက်မပြတ် ထောက်လှမ်းပြီး တိုက်လေယာဥ်များဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

” မနေ့ညကတည်းက တိုက်ပွဲ တအားကြမ်းနေတာ အကြမ်းဖက် စစ်တပ်ဘက်က ကင်းထောက်လေယာဥ် အဆက်မပြတ် ပျံဝဲပြီး ဒီနေ့ နံနက်ပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်နေတာ နံနက် ၄ နာရီကျော်အချိန် ကတည်းက ဖြစ်ပွားနေတာ ထိတွေ့တိုက်ပွဲက မွန်းလွဲပိုင်းထိ အရှိန်ကောင်းကောင်းနဲ့ ဖြစ်ပွားနေတုန်းပဲ စစ်ခွေးတွေကလည်း တိုက်လေယာဥ်တွေနဲ့ တောက်လျှောက် ဗုံးကျဲနေတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဖရူဆိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြာကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာလ ၁ ရက်နေ့က ဒီးမော့ဆိုမြို့မှ ဖရူဆိုမြို့ကို ဖြတ်သန်း မောင်းနှင်လာသည့် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒီးမော့ဆို-ဖရူဆို လမ်းပိုင်း တစ်နေရာ၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Photo – ၂၀၂၂ ခုနှစ်က ကရင်နီပြည်တွင် မိုင်းဆွဲ တိုက်ခိုက်ခံရသော စစ်ကား ၁ စီးအား တွေ့ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article