ညောင်လေးပင်ခရိုင်ရှိ သစ်ချဆိပ်စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ပြီး စစ်သား ၁၅ ဦးသေဆုံးကာ လက်နက် ၂၂ သိမ်းဆည်းရရှိ
ရန်ကုန်၊ စက်တင်ဘာ ၂
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူး(မုန်း)မြို့နယ်အတွင်းရှိ သစ်ချဆိပ် အကြမ်းဖက်စစ်ကောင်စီတပ် စခန်း ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ၁၅ ဦးသေဆုံးပြီး စိန်ပြောင်း ၂ လက် အပါအဝင် သေနတ် ၂၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။
ဩဂုတ်လ ၃၁ ရက် နံနက် ၅ နာရီခန့်မှ စက်တင်ဘာလ ၁ ရက် ညနေ ၅ နာရီခွဲခန့်အထိ ကေအဲန်ယူ − ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ မူး(မုန်း)မြို့နယ်အတွင်း ရှိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ အခြေစိုက်တပ်စခန်း တစ်ခု ဖြစ်သော သစ်ချဆိပ် စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦး သေ ဆုံးပြီး ကွန်မန်ဒိုပြောင်း ၂ လက်၊ စက်လတ် ၁)လက် နှင့် လက်နက်ငယ် စုစုပေါင်း ၁၉ လက်အပါအဝင် ခဲယမ်းအများအပြား သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း ၈ ၊ တပ် ရင်း ၉ ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် ( KNDO ) တပ်ရင်း ၃ တို့ပူးပေါင်းထားသော တပ်မဟာ ဌာနချုပ် စစ်ကြောင်းနှင့် လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းစခန်းသိမ်း တိုက်ပွဲအတွင်း တိုင်းပြည်နှင့် လူမျိုးအတွက် ရဲဘော်၂ ဦး မြင့်မြတ်စွာအသက်ပေးလှူခဲ့ရသည်ဟု ဆို သည်။
သစ်ချဆိပ်စခန်း၌အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များဖြစ်သော ခလရ− ၄၃၉၊ ခလရ−၆၀၊ ခမရ−၃၅၀ နှင့် ခမရ−၃၅၁ တို့တပ်စွဲထားခြင်းဖြစ်ပြီး လမ်းသွားလမ်းလာ ပြည်သူလူထုများအား စစ်ဆေး မေးမြန်းမှုများပြုလုပ်ခြင်း၊ အနီးအားရှိဒေသခံပြည်သူလူထုများ လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင် များအတွင်းနှင့် နေထိုင်ရာကျေးရွာများအတွင်းသို့ မကြာခဏ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း ပြည် သူ လူထုများအား တံတိုင်းအကာအရံသဖွယ် တည်ဆောက်ထားကာ ပြည်သူလူထုများအား လက်နက် အားကိုးပြီး အနိုင်ကျင့်မှုများ ပြုလုပ်လျက် ရှိသဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ရခြင်းဖြစ်ကြောင်း KNU ဗဟို က ထုတ်ပြန်ထားသည်။
ယင်းစခန်းအား ဝင်ရောက်တိုက်ခိုက်စဉ် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ စခန်းအတွင်း ၌ သာမက ပြည်သူလူထုများ၏ နေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံးများအတွင်းမှ နေပြီး ပြန်လ ည်ခုခံခြင်း၊ ကညွတ်ကွင်းရှိ ခလရ−၄၃၉ မှ ၁၂၂ မမ ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ပစ် ကူခြင်း၊ ကျောက်ကြီး သံဘိုရှိ ခလရ−၆၀ မှ ၁၂၀ မမ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းအပြင် လေ ကြောင်းပစ်ကူများပါ အသုံးပြုခဲ့သဖြင့် ခက်ခက်ခဲခဲတိုက်ခိုက်သိမ်းပိုက်ခဲ့ရကြောင်း သိရသည်။


