31.3 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ စစ်သားတွေ ၊ ရဲတွေ အနေနဲ့ အချိန်မီ CDM ပြုလုပ်ကြဖို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နေ သတိပေး တိုက်တွန်း လိုက်တယ်လို့ KNPP ဗဟိုဌာနချုပ် ခူးတော်ရယ်အက်စ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

– ပခုက္ကူ-ရေစကြိုလမ်းပေါ်မှာ စစ်ကောင်စီရဲ့ တင်ဒါကန်ထရိုက်ဖြစ်တဲ့ မြေနေရာကို စစ်ဆေးပြီး ပြန်လာတဲ့ ဆောက်လုပ်ရေးကုမ္ပဏီ ကားတစ်စီး ပစ်ခတ်ခံရပြီးတော့ ယာဉ်ပေါ်မှာပါသူ ၅ ဦးလုံး သေဆုံးသွားပြီး၊ ပစ်ခတ်တဲ့ အဖွဲ့အစည်းကို မသိရသေးဘဲ စုံစမ်း ဖော်ထုတ်နေတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ထွေ/အုပ်ရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ဘီလူး စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article