36 C
Yangon

မုံရွာ-အမြင့်လမ်းရှိ ညောင်ပင်သာရပ်ကွက်၌ တပ်စွဲထားသော စစ်တပ်ကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

မုံရွာ-အမြင့်လမ်းရှိ ညောင်ပင်သာရပ်ကွက်၌ တပ်စွဲထားသော စစ်တပ်ကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂

စစ်ကိုင်းတိုင်း၊ မုံရွာ-အမြင့်လမ်းရှိ ညောင်ပင်သာရပ်ကွက်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂ ရက်နေ့တွင် မုံရွာအမြင့်လမ်းပေါ်ရှိ ညောင်ပင်သာရပ်ကွက်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ပြောက်ကျားစနစ်ဖြင့် အနီးကပ် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၄ ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) မှ ဦးဆောင်ပြီး Spring Dove 5/ UG Task Force၊ Democratic Guerrilla Force (DGF) ၊ Monywa Commando Force နှင့် ဒဿပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force ) တပ်ရင်း ၄ တပ်ခွဲများနှင့် မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း ၄ ၏ အထူး ကွန်မန်ဒို တပ်ဖွဲ့ (Monywa The Boys ) တို့မှ လက်ရှိချိန်တွင် ထိုးစစ်တိုက်ခိုက်နေသောကြောင့် အရေးပေါ် လက်နက်ခဲယမ်း များစွာ လိုအပ်နေကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article