35 C
Yangon

ကျောက်ကြီးမြို့နယ်၊ သစ်ချဆိပ် စစ်စခန်း အပါအဝင် စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၄၀ ဦးကျော်သေဆုံး၊ သစ်ချဆိပ်စခန်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

Must read

ကျောက်ကြီးမြို့နယ်၊ သစ်ချဆိပ် စစ်စခန်း အပါအဝင် စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၄၀ ဦးကျော်သေဆုံး၊ သစ်ချဆိပ်စခန်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၂

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ စစ်ကောင်စီတပ်၏ သစ်ချဆိပ်စခန်း အပါအဝင် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၄၀ ဦးကျော်သေဆုံးပြီး လက်နက်များ သိမ်းဆည်းရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။

သြဂုတ်လ ၂၉ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်အချိန်မှစတင်၍ ညနေ ၆ နာရီ ၃၀နာရီခန့်အချိန်ထိ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၊မုန်းဒေသ၊အုတ်ဖြတ်၊ ကရင်ကျ၊ သမန်းကျင်း၊ ကြက်တက်ညောင်ပင် ဧရိယာတွင် KNLAနှင့် PDF တပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၅၉၈ ၊ပျူစောထီး ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့အကြား တစ်နေကုန်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးနှင့်ဒဏ်ရာရ ၅၀ ဦးအထက် ရှိခဲ့ပြီး KNLA/PDF ပူးပေါင်းအဖွဲ့များမှ ၃ ဦးဒဏ်ရာရ(မစိုးရိမ်) ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၀၇ နာရီ ၄၅ မိနစ်အချိန်တွင် ပြန်လည်ဆုတ်ခွာသွားသော စစ်ကောင်စီတပ်ကို လိုက်လံတိုက်ခိုက်ရာ ထိတွေ့မှုဖြစ်ပြီး နံနက် ၈ နာရီ အချိန်တွင် PDFကွန်မန်ဒိုတပ်ရင်း မှ ရဲဘော်(၁)ဦး ကျဆုံးခဲ့ကြောင်း ၊ စစ်ကောင်စီတပ်ထံမှ ခွင်းဗုံးသီးများ၊၄၀မမသီးများ၊ MAကျည် များ၊စက်လက်ကျည်များနှင့်လက်ပစ်ဗုံးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၃၁ ရက်နေ့၊ နံနက် ၄ နာရီ ၁၀ မိနစ်အချိန်မှ နံနက် ၅ နာရီ ၃၀ မိနစ် အချိန်ထိ KNLA/PDF ပူးပေါင်းတပ်ဖွဲ့များက မြို့စိုးတံတားရှိ စစ်တပ်ကို သွားရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၂ ဦးလက်နက်ကြီးမှန်၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ ဩဂုတ်လ ၃၁ ရက်နေ့၊ နံနက် ၀၀ နာရီ ၀၅ မိနစ် အချိန် ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ အခြေစိုက်တပ်စခန်းတစ်ခုဖြစ်သော သစ်ချဆိပ် စခန်းကို KNLA၊PDF ပူးပေါင်းတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ထိုစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

သစ်ချဆိပ်စခန်းအတွင်း ခလရ−၄၃၉၊ ခလရ−၆၀၊ ခမရ−၃၅၀ နှင့် ခမရ−၃၅၁ တို့တပ်စွဲထားပြီး ဝင်ရောက်သိမ်းပိုက်စဉ်တွင် စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးခဲ့ကာ ကွန်မန်ဒိုပြောင်း ၂ လက်၊ စက်လတ် ၁ လက် နှင့် လက်နက်ငယ် စုစုပေါင်း ၁၉ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထိုစခန်းကို တိုက်ခိုက် သိမ်းပိုက်စဉ်အတွင်း ပူပေါင်းတပ်ဖွဲ့များဘက်မှ Spring Warrior’s Column ၏ရဲဘော် ၂ ဦး မြင့်မြတ်စွာအသက်ပေးလှူခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး စစ်တပ်က သရက်ကျ၊ သမန်းကျင်းရှိ နေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများကို ကား ၊ဆိုင်ကယ်များဖြင့် ခိုးယူ သယ်ဆောင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article