34 C
Yangon

မန္တလေးမြို့တွင် စစ်သားအချင်းချင်း မှားယွင်းပစ်ခတ်မှု ၂ ဦးသေဆုံး၊ ရသုံးမှန်းခြေ ငွေစာရင်းရုံးကို ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား

Must read

မန္တလေးမြို့တွင် စစ်သားအချင်းချင်း မှားယွင်းပစ်ခတ်မှု ၂ ဦးသေဆုံး၊ ရသုံးမှန်းခြေ ငွေစာရင်းရုံးကို ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား

ရန်ကုန်၊ စက်တင်ဘာ ၂

မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်တွင် စစ်သားအချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၃၁ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခန့်အချိန် အောင်မြေသာဇံမြို့နယ်၊ ၁၉ လမ်းနှင့် ၆၂ လမ်း မီးပွိုင့်အနီးရှိ အနှိပ်တော်ရပ်ကွက်ရုံး၌ တာဝန်ကျနေသော တပ်ကြပ်ကြီး ချိုဝင်းနှင့် တပ်ကြပ်အဆင့်ရှိ သူ စစ်သားတစ်ဦးသည် ဟိန္ဒူဘုရားကျောင်းအနီး လင်မယား ၂ ဦး ရန်ဖြစ်နေသည်ကို ဝင်ရောက် ဖြန်ဖြေရာမှ ရုန်းရင်း ဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း၊ လှည့်ကင်းပတ်နေလာသည့် စစ်သားများက ပစ်ခတ်သွားရာ တပ်ကြပ်ကြီး ချိုဝင်းနှင့် တပ်ကြ မင်းသူတို့ ထိမှန်ကာ နေရာမှာပင် သေဆုံးသွားကြောင်း Voice of Mandalay ထံမှ သိရသည်။

“စစ်ခွေးအချင်းချင်းမှားပစ်တာ၊ နေရာမှာပင် ၂ ယောက်လုံးသေတယ်၊ လင်မယား နှစ်ယောက်ရန်ဖြစ်တာ ကို အရပ်ဝတ်နဲ့ သွားပြီး ဖြန်ဖြေတာ၊ အရပ်ဝတ်နဲ့ဆိုတော့ လှည့်ကင်းကားက ပစ်သွားတာ၊ နှစ်ယောက် လုံးနေရာမှာပဲပွဲချင်းပြီးသေသွားတယ်၊လင်မယားနှစ်ယောက်အကြောင်းတော့ မကြားမိဘူး” ဟု မန္တလေး မြို့နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် ချမ်းမြသာစည်မြို့နယ်၊ ၆၈ လမ်း၊ ၁၀၁ လမ်း(သိပ္ပံလမ်း)နှင့် ၁၀၂ လမ်းကြာ းရှိ ရသုံးမှန်းခြေငွေစာရင်းရုံး ကို ဒုတိယအကြိမ်ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း No More Dictatorship PDF – NMD တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် အကြမ်းဖက်စစ်ကောင်စီ၏ ဘဏ္ဍာရေးယန္တာရား လည်ပတ်နိုင်စေရန် အဓိက အလုပ်လုပ်သော ရသုံးမှန်းခြေငွေစာရင်းရုံးကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက် ခဲ့ရာ ရုံးအဆောက်အဦး အပေါက်ဝရှိ ဆိုင်ကယ်နှင့် ကားကြားသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ပြည်သူများအနေ ဖြင့် အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ နေရာ၊ စစ်ကောင်စီအလိုကျ ရုံး၊ စစ်ကောင်စီယာဉ်တန်း များနှင့် ဝေးဝေးနေထိုင်ပေးကြပါရန် No More Dictatorship PDF – NMD တပ်ဖွဲ့က ထုတ်ပြန်ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article