30 C
Yangon

တာမွေ Ocean တွင် စစ်အာဏာရှင်စနစ်ကို အာခံတော်လှန်လှုပ်ရှားမှု ပြုလုပ်

Must read

တာမွေ Ocean တွင် စစ်အာဏာရှင်စနစ်ကို အာခံတော်လှန်လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၄

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်းမကြီးပေါ်ရှိ တာမွေ Ocean တွင် စစ်အာဏာရှင်စနစ်ကို အာခံတော်လှန်ပြီး လုံးဝ(လုံးဝ)အုပ်ချုပ်ခွင့်မရစေရေး သပိတ်လှုပ်ရှားမှုတစ်ရပ်ကို “Black Tiger” လူငယ်တပ်ဦးက ဦးဆောင်၍ စက်တင်ဘာလ ၃ရက်နေ့၊ နေ့လယ် ၂ နာရီအချိန်၌ ပြုလုပ်ခဲ့သည်။

ယင်း အာခံတော်လှန်ပွဲတွင် Bluetooth Box ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသီချင်းများဖွင့်၍ အာခံခဲ့ကြခြင်း ဖြစ်ပြီး အာခံတော်လှန်ပွဲတွင် ၁နာရီခန့်သီချင်းများဆက်တိုက်ဖွင့်တော်လှန်နိုင်ခဲ့ကာ ပြည်သူလူထုမှလည်း စစ်အာဏာရှင်ဆန့်ကျင်‌ရေးသီချင်းများကို လိုက်ပါသီဆိုမှုများရှိခဲ့သည်ကို တွေ့မြင်ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article