28 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၄ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မနေ့က ညနေပိုင်းမှာ Federal Wings ဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်က ရှေ့တန်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်း ၊ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်၊ ခရိုင်ထွေအုပ်ဦးစီးအရာရှိ ဦးထွန်းထွန်းလင်း၊ ထွေ/ အုပ်စာရေး ဦးပြည့်ဖြိုးအောင်နဲ့ ယာဉ်ထိန်းရဲအုပ်နေလင်းစိုးတို့ ဒရုန်းဗုံးထိမှန် သေဆုံးသွားတယ်လို့ နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနသတင်းရင်းမြစ်က အတည်ပြုပြောဆိုပါတယ်။

– အကြမ်းဖက်စစ်ကောင်စီက စစ်သားတွေစိတ်ခွန်အားဖြစ်စေရေး၊ စိတ်ဓာတ်မြင့်မားရေး၊ ယုံကြည်ချက်နဲ့ ခံယူချက်မြင့်မားရေးအတွက် Tiktok သရုပ်ဖော်ပြိုင်ပွဲပြုလုပ်နေပြီး တပ်မိသားစုတွေအားလုံး ပါဝင်ယှဉ်ပြိုင်ကြဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

– ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်တပ်စခန်း ၂ ခုကို စက်တင်ဘာလ ၂ ရက်နေ့က ကရင်နီဒေသ တော်လှန် ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားပြီးနောက် စစ်ရေးဆက်လက် တင်းမာနေကာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကျဲတိုက်ခိုက်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article