26 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် ဩဂုတ်လတိုက်ပွဲများ အတွင်း စစ်တပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၈၈ ဦး သေဆုံး

Must read

KNU တပ်မဟာ ၅ နယ်မြေတွင် ဩဂုတ်လတိုက်ပွဲများ အတွင်း စစ်တပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၈၈ ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာလ ၄

ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ KNU အမှတ် ၅ တပ်မဟာ နယ်မြေတွင် ဩဂုတ်လ တစ်လတာကာလ တိုက်ပွဲပေါင်း ၁၄၃ ကြိမ်ဖြစ်ပွားခဲ့ကာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၈၈ ဦးသေဆုံးခဲ့ကြောင်း KNU-မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ဩဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၄၃ ကြိမ် ဖြစ်ပွားကာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီး အ ဆင့်ရှိသူ တစ်ဦးအပါအဝင် ၈၈ ဦးသေဆုံးခဲ့ကြောင်း၊ ၅၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ် ကောင်စီ၏ ရုံးနှင့်အခြားအဆောက်အအုံ ၇ လုံး၊ စစ်သုံးမော်တော်ယာဉ် ၁ စီးတို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင် ၅ ဦး တိုင်း ပြည် နှင့်လူမျိုးအတွက် အသက်ပေးလှူခဲ့ရပြိး ၂၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားမှု အပေါ် အ ကြောင်းပြပြီးအကြမ်းဖက်စစ်တပ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာများအတွင်း၊ လယ်ယာ၊ တောင် ယာ လုပ်ငန်းခွင်များအတွင်း လက်နက်ကြီးကျည်စုစုပေါင်း ၉၆ လုံးပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၈ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ စစ်သုံးတိုက်လေယာဉ် ၂ စီးဘောကျို့လယ်ရွာနှင့် ပိုဂါရွာကြား၌ ဗုံးသီး ၄ လုံးကျဲချခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU မူတြော် သတင်း စဉ်က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-လွန်ခဲ့သော နှစ်ကရင်နီပြည်နယ် စစ်ပွဲများအတွင်း ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်း စစ်ကောင်စီတပ်သားများ။ (ပုံအဟောင်းဖြစ်ပါသည်။)

လွန်ခဲ့သော နှစ်ကရင်နီပြည်နယ် စစ်ပွဲများအတွင်း ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်း စစ်ကောင်စီတပ်သားများ။ (ပုံအဟောင်းဖြစ်ပါသည်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article