32 C
Yangon

မင်္ဂလာဒုံ စစ်ဆေးရုံအနီးတွင် ဗုံးတွေ့ရှိ၍ စစ်တပ်က လမ်းပိတ်၍ ဖောက်ခွဲ

Must read

မင်္ဂလာဒုံ စစ်ဆေးရုံအနီးတွင် ဗုံးတွေ့ရှိ၍ စစ်တပ်က လမ်းပိတ်၍ ဖောက်ခွဲ

ရန်ကုန်၊ စက်တင်ဘာ ၄

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံစစ်ဆေးရုံအနီးတွင် ဗုံးတွေ့ရှိ၍ စစ် တပ်က လမ်းပိတ်ဖောက်ခွဲလိုက်ကြောင်း ရန်ကုန်မြို့မှ ကားသမားတချို့က ပြောဆိုသည်။

စက်တင်ဘာ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန် မင်္ဂလာဒုံစစ်ဆေးရုံအနီးတွင် ဗုံးတွေ့ရှိ၍ လမ်းပိတ်ဖောက်ခွဲလိုက်ကြောင်း၊ ယင်းနောက် ကားလမ်းပြန်ဖွင့်ပေးပြီး စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

” ဒီမနက် ၉ နာရီခွဲကျော်လောက်မှာ ဗုံးတွေ့လို့ လမ်းပိတ်ပြီး မနက် ၁၀ နာရီ ၁၀ မိနစ်မှာ ဖောက်ခွဲလိုက်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article