32 C
Yangon

မဟာအောင်မြေမြို့နယ်ရှိ အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်မှု ၁ ဦးဒဏ်ရာရ

Must read

မဟာအောင်မြေမြို့နယ်ရှိ အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်မှု ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၄

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ရာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မန္တလေးမြို့၊ လမ်း ၄၀ ၊ ၈၁×၈၂ ကြားရှိ မဟာအောင်မြေမြို့နယ်ရှိ အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံး ပစ်ထည့် တိုက်ခိုက်ခဲ့ပြီး အုပ်ချုပ်ရေးမှူး တပည့်ဖြစ်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” သေနတ်သံ ၂ ချက်အရင်ကြားတယ်။ ပြီးမှ လက်ပစ်ဗုံး၂ လုံး ကွဲတာ အုပ်ကြီးတပည့်ကတော့ သွားတွေ ကျွတ်ထွက်သွားတယ်လို့သိရတယ်။ အခုစစ်ခွေးတွေ ရောက်လာပြီး အနီးနားမှာရှိတဲ့ တရုတ်စာသင်​ကျောင်းက CCTV ကို

စစ်ဆေးနေတယ်”ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article