27.3 C
Yangon

တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ် ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ် ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၄

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ် ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Vikings အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၈ ရက်နေ့ ညပိုင်းတွင် တန့်ဆည်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ကန်ဘုရားဂိတ်နှင့် ဒေါင်းမင်း စစ်ဆေးရေးဂိတ် ၂ ခုကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့ပြီး တော်လှန်ရေး ညီနောင် မဟာမိတ်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Daung Mann အဖွဲ့၊ P2P အဖွဲ့ နှင့် Vikings အဖွဲ့ စသည့် ညီနောင် ၃ ဖော် မဟာမိတ် Drone အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article