Khit Thit သတင်းဌာန၏ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ငြိမ်းချမ်းရေးကို ပိတ်ဆို့တားဆီးနေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို အာဆီယံက ပြင်းပြင်းထန်ထန် အရေးယူဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်ပြီး ၊ “မြန်မာစစ်တပ်ကို ခိုင်မာ ပြင်းထန်တဲ့ အရေးယူမှုတွေ မလုပ်ဘဲ ရှေ့ဆက် ခွင့်ပြုဖို့ မဖြစ်နိုင်တော့ဘူး”လို့ ဆိုလိုက်ပါတယ်။
– မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ်ရဲ့ ခြေလျင်တပ်ရင်း (ခလရ- ၇၇ ) က ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို သိမ်းဆည်းပြီး တပ်တွင်း မိသားစုတွေကို အိမ်ထောင်စု တစ်စု ဆိုင်ကယ် တစ်စီးနှုန်း ပြန်လည်ဝေပေးနေတဲ့အတွက် မြို့နေပြည်သူတွေက မကျေမနပ် ဖြစ်နေကြ တယ်လို့ ဒေသခံ ပြည်သူတချို့က ပြောပါတယ်။
– ညောင်ဦးမြို့မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက် စစ်တပ် ရဲ့ Double Cab ကားကို လမ်းပေါ်မှာပဲ မိုင်းထောင်ဖောက်ခွဲမှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က တပ်ကြပ် အောင်စိုးမိုး သေသွားပြီး ၊ ၃ ဦး ဒဏ်ရာ ရသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။