26 C
Yangon

ဝက်လက်မြို့နယ်ရှိ စခန်းသာရွာကို စစ်တပ်က မီးတင်ရှို့နေ၊ စစ်ဘေးရှောင် ပြည်သူ ၁ ဦး စစ်တပ်ထောင်ထားသော မိုင်းနင်းမိပြီး စိုးရိမ်ရ

Must read

ဝက်လက်မြို့နယ်ရှိ စခန်းသာရွာကို စစ်တပ်က မီးတင်ရှို့နေ၊ စစ်ဘေးရှောင် ပြည်သူ ၁ ဦး စစ်တပ်ထောင်ထားသော မိုင်းနင်းမိပြီး စိုးရိမ်ရ

ရန်ကုန်၊ စက်တင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ စခန်းသာရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့်မှ စတင်ကာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စခန်းသာရွာကို မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် ယမန်နေ့က ရွာသစ်ကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့သော ဂွေးကုန်း၊ မောင်းတက် ဘက်မှ လာသော ခမရ ၁၂ တပ်ရင်းမှ စစ်သားများဖြစ်ကြောင်း သိရသည်။

” ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်း အရှေ့ဘက်က စခန်းသာရွာကို စစ်ခွေးတွေ မီးရှို့နေတယ်။ မနေ့က ရွာသစ်ကုန်းရွာကို မီးရှို့ခဲ့တဲ့ ဂွေးကုန်း မောင်းတက် ဘက်က စစ်ကြောင်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ရွာသစ်ကုန်းကျေးရွာအတွင်း ဝင်ရောက်လာစဥ် ထွက်ပြေးတိမ်းရှောင်သည့် အသက်၁၉ နှစ် အရွယ် အမျိုးသမီးငယ် ၁ ဦး စစ်တပ်က ထောင်ထားသည်းမိုင်းနင်းမိပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article