27 C
Yangon

ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာ တိုက်ပွဲတွင် စစ်တပ်မှ ဒုတပ်ကြပ် ၁ ဦး လက်နက်ချ အညံ့ခံ

Must read

ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာ တိုက်ပွဲတွင် စစ်တပ်မှ ဒုတပ်ကြပ် ၁ ဦး လက်နက်ချ အညံ့ခံ

ရန်ကုန်၊ စက်တင်ဘာ ၅

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်မှ ဒုတပ်ကြပ် အဆင့်ရှိသူ ၁ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း မြို့လှ K PDF တပ်ဖွဲ့ ထံမှ သိရှိရသည်။

စက်တင်ဘာလ ၁ ရက် နံနက် အစောပိုင်း ၃ နာရီ ၁၅ မိနစ်ခန့်က ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၈၈ လက်အောက်ခံတပ် ခလရ ၇၇ အထိုင် တပ်စခန်းနှင့် ရဲစခန်းကို မြို့လှ K-PDF တပ်ရင်း မှ အလစ်အငိုက် တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၅ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

ယင်းစခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်မှ ဒုတပ်ကြပ် ၁ ဦး မြို့လှ KPDF တပ်ရင်းထံ လက်နက်ချ အညံ့ ခံခဲ့ပြီး ချောက်မြို့နယ်၊ ခလရ ၇၇ တပ်ရင်းမှလည်း တစ် ကြိမ်ထွက်ပြေးခဲ့ရာ ပြန်လည် ဖမ်းဆီး ခံရပြီး အချုပ် ၃ လ ကျခံခဲ့ရသူဖြစ်ကြောင်း၊ လက်နက်ချအညံ့ခံခဲ့သော ဒုတပ်ကြပ်ကို မြို့လှ K -PDF ပြည်သူ့ ကာကွယ်ရေးတပ်ရင်းမှ လွတ်လပ်စွာ နေထိုင်ခွင့်နှင့် သွားလိုရာသောနေရာသို့ ပို့ဆောင်ပေးလိုက် ကြောင်းသိရသည်။

ဓမ္မနှင့် အဓမ္မကို ခွဲခြားသိမြင်ပြီး အခက်အခဲအမျိုးမျိုးကြောင့် ပြည်သူ့ဘက်သို့ ခိုလှုံ ဝင်ရောက်လာရန် စိတ်ဆန္ဒရှိနေသည့် ကျန်ရှိနေသော စစ်ကောင်စီ တပ်သား များကို နွေးထွေးစွာ ကြိုဆိုနေမည်ဖြစ်ကြောင်း မြို့လှ K-PDF တပ်ရင်းက အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article