31 C
Yangon

ဆားလင်းကြီးမြို့နယ်၊ ကံကုန်းရွာမှ ပြည်သူတစ်ဦးကို စစ်တပ်က အကြောင်းမဲ့ သတ်ဖြတ်

Must read

ဆားလင်းကြီးမြို့နယ်၊ ကံကုန်းရွာမှ ပြည်သူတစ်ဦးကို စစ်တပ်က အကြောင်းမဲ့ သတ်ဖြတ်

ရန်ကုန်၊ စက်တင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာမှ ပြည်သူတစ်ဦးကို စစ်တပ်က အကြောင်းမဲ့ သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် စစ်ကိုင်းတိုင်း၊ဆားလင်း ကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ် ကံကုန်းရွာမှ ရွာသား ကိုကျော်မင်း ထွန်းသည် အက်စစ်စက်ရုံ ရှေ့မှဖြတ်၍ ဆိုင်ကယ်ဖြင့် ဆိတ်သား သွားပို့ နေစဉ် စက်ရုံတွင်း ကင်းပုန်းဝပ်နေသော စစ်တပ်က ကိုကျော်မင်း ထွန်း ကို သေနတ်ဖြင့် ၅ ချက် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

” ပစ်သတ်ခံရတဲ့ ကိုကျော်မင်းထွန်းကို ရွာထဲကလူတွေကတော့ သူကို ဂေါက် သီးလို့ နာမည်ပေးထားတာ။ ရွာထဲမှာရှိတဲ့ အက်စစ်စက်ရုံ ရှေ့ကနေ ဖြတ်ပြီး တော့ ဆိုင်ကယ်နဲ့ ဆိတ်သားသွားပို့နေတုန်း စက်ရုံထဲကနေ ပစ်ခတ် တာခံလိုက်ရတယ်။ ပစ်တာကလည်း သေနတ်နဲ့ ၅ ချက်ကို ပစ်သတ်တာ။ဝမ်းဗိုက် ၂ ချက်၊ ရင်အုံ ၁ ချက်၊ လက်ကို ၂ ချက် စုစုပေါင်း ၅ ချက် ကိုပစ် သတ်တာ။ အလောင်းကတော့ နေ့ခင်းပိုင်းကတည်းကကောက်လာခဲ့ပြီ။ မိသားစု ဝင်တွေကတော့ နောက်ထပ် စစ်ကာင်စီကလာပြီး ပြဿနာရှာမှာ ကြောက် နေကြတယ်။သူတို့ကတော့ သေတဲ့သူလည်းသွားပြီဆိုတော့ ဘယ်သူ ကိုမှ အပြစ်မပြောဘဲ အေး အေး‌‌ဆေး ဆေးနဲ့ သဂြိုလ်ချင်တာ” ဟု ကံကုန်း ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

ကံကုန်းရွာသည် စစ်ကောင်စီတပ်များ စခန်းချထားရာ တပ်ရင်း၂၈ နှင့် အလွန် နီး ကြောင်း၊ စစ်တပ်၏ ကျောက်မျက်တောင်အထိုင်စခန်းနှင့် နီးကပ် ကြောင်း ၊ ကျေးရွာအတွင်းရှိ အက်ဆစ်စက်ရုံတွင် စစ်တပ်က တပ်စွဲထား ကြောင်း သိရှိ ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article