မုံရွာ-မန္တလေးလမ်းမပေါ် မြောင်လမ်းခွဲရှိ စစ်တပ်အထိုင်စခန်းကို မြေပြင်၊ ဝေဟင်မှ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ ၅
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမပေါ် မြောင်လမ်းခွဲရှိ အကြမ်းဖက်စစ်ကောင်စီတပ်အထိုင်စခန်းကို မြေပြင်၊ ဝေဟင်မှ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မုံရွာ-မန္တလေးလမ်းမပေါ် မြောင်လမ်းခွဲတွင် အထိုင် ချ တပ်စွဲပြီး ခရီးသွားပြည်သူများကို ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်ကောင်စီစခန်းကို ဒရုန်း ၃ စီး အသုံးပြု၍ ဗုံးသီး ၄ လုံးကျဲချခဲ့ကြောင်း၊ ယင်းနောက် မြေပြင်မှ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
ပြည်သူများထံမှ အခွန်ကောက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများ ပြု လုပ်လျက်ရှိသဖြင့် အဆိုပါ စစ်စခန်းကို မြေပြင်ဝေဟင်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက ၆၀ မမ ဗုံးသီး ၁၃ လုံး၊ စက်သေနတ်များ၊ လက်နက်ငယ်များဖြင့် အဆက်မပြတ်ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရ သည်။
အဆိုပါတိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM ၏ အနောက် ပိုင်း 001 Drone အဖွဲ့၊ ဆင်ရိုင်းစစ်ကြောင်း – မြောင် ၊ မြောင်မြို့နယ် ပကဖ ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၆ တပ်ခွဲ ၃ ၊ မြင်းမူမြို့ပြပြောက်ကျားအဖွဲ့ – CRF ၊ Blood Brothers အဖွဲ့၊ Hero အဖွဲ့၊ မြင်းမူလျှပ်စီးအဖွဲ့၊ Black Eagle – Myinmu ၊ မြင်းခြံခရိုင်တပ်ရင်း PDF Taloke နှင့် စစ်ကိုင်းခရိုင်တပ်ရင်း ၄ MSPDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။