၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ စတင်နေပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
ရန်ကုန်၊ စက်တင်ဘာ ၆
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် စက်တင်ဘာလ ၅ ရက်နေ့ စတင်ကျင်းပသည့် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်း အဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။
ကုလသမဂ္ဂအထွေထွေ ညီလာခံနှင့်အတူ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွညီလာခံ (77th session of the United Nations General Assembly – 77th UNGA) ၏ ပိတ်ပွဲအခမ်းအနားနှင့် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (78th session of the United Nations General Assembly – 78th UNGA) ၏ ပထမဆုံး မျက်နှာစုံညီ အစည်းအဝေးနှင့် ဖွင့်ပွဲအခမ်းအနားတို့ကို ပါ ကျင်းပပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့ တက်ရောက်ကြသည်ဟု သိရှိရသည်။
78th UNGA ၏ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးနှင့် ဖွင့်ပွဲအခမ်း အနား တွင် 78th UNGA သဘာပတိဖြစ်သူ ထြီနီဒတ်နှင့် တိုဘာဂိုနိုင်ငံမှ H.E. Mr. Dennis Francis က ကုလသမဂ္ဂ အထွေထွေညီလာခံ၏ စည်းမျဉ်း (၆၂) အရ (၁) မိနစ် ငြိမ်သက်ခြင်း အစီအစဉ် ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း၊ အစီအစဉ်အတိုင်း မိန့်ခွန်းပြောကြားမှုများ ဆောင်ရွက်ခဲ့ပြီးနောက် အဖွဲ့ဝင် ၉ နိုင်ငံ ပါရှိသည့် Credentials Committee အသစ်ကို အန်ဒိုရာ၊ တရုတ်၊ ဂရီနေဒါ၊ နိုင်ဂျီရီးယား၊ ရုရှား၊ ဆော်လမွန်အိုင်းလန်း၊ ဆူရီနမ်၊ တိုဂိုနှင့် အမေရိကန်ပြည်ထောင်စုတို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။