25 C
Yangon

မုံရွာမြို့၊ ရွှေတောင်ဦးတွင် စစ်တပ် ကွန်ပျူတာသင်တန်းကျောင်းဖွင့်ပွဲလုပ်စဉ် ရှော့တိုက်ဒုံး ၃ လုံးဖြင့် တိုက်ခိုက်

Must read

မုံရွာမြို့၊ ရွှေတောင်ဦးတွင် စစ်တပ် ကွန်ပျူတာသင်တန်းကျောင်းဖွင့်ပွဲလုပ်စဉ် ရှော့တိုက်ဒုံး ၃ လုံးဖြင့် တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရွှေတောင်ဦးတွင် စစ်တပ် ကွန်ပျူတာစာသင်ကျောင်း ဖွင့်ပွဲပြုလုပ်စဉ် ရှော့ တိုက်ဒုံး၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brother Defense Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်နှင့် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန် အကြမ်းဖက် စစ်ကောင်စီမှ အရာရှိကြီးများတက် ရောက်လာသည့် ကွန်ပျူတာသင်တန်းပွဲကျင်းပရာ ကျောင်းဝင်း အတွင်း သို့ ရှော့တိုက်ရော့ကတ်ဒုံး ၃ လုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကျောင်းဝင်းအတွင်း ကျရောက်ပေါက်ခဲ့ပြီး ထိခိုက်သေဆုံး အသေးစိတ်သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“မုံရွာ ရွှေတောင်ဦးမှာက စကစ ဖွင့်လှစ်ထားတဲ့ ကွန်ပျူတာ သင်တန်းဖွင့်ပွဲပေါ့နော၊ အဲဒီကွန်ပျူတာ သင်တန်းဖွင့်ပွဲရှိတဲ့အတွက် ရော့ကတ်ဒုံး ၃ လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ၊ စကစ အကြီးဆုံးကလာပြီး ဖွင့်ပွဲ လုပ်တာဆိုတော့ များတယ်ဗျ၊ အဲဒါကြောင့် ရောကတ်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ ကျောင်းဝင်းထဲကို ကျတယ်၊ အကျအဆုံးစာရင်းကိုတော့ မသိရှိရသေးဘူး၊ ဖွင့်ပွဲမှာ ဘယ်သူတက်တယ် ဆိုတာတော့ အတိအကျမသိရဘူးဗျ၊ အဲဒီမှာ သင်တန်းဖွင့်ပွဲလုပ်တဲ့အတွက် တိုက်ခိုက်ခဲ့တာ၊ အဓိက တော့ စစ်ကောင်စီရဲ့ ပညာရေးယန္တရားကို လက်မခံနိုင်ဘူး၊ အဲဒါကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။” Brother Defense Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၁ Brother Defense Force၊ တပ်ခွဲ ၂ One Star Task Force – OSTF နှင့် မဲမှောင်ပျောက်ကြားတပ်တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုံးဖြင့် စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်ကို တိုက်ခိုက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article