ရေဦးရှိ ပျူစောထီး အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ စစ်ကိုင်းရှိ စစ်တပ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ ၆
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ပျူစောထီး အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၄ ဦးသေဆုံးကြောင်း Taze wings အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၃၁ ရက်နေ့တွင် ရေဦးမြို့နယ်၊ အောင်သာယာရွာရှိ ပျူစောထီး အထိုင်စခန်းကို Taze wings မဟာမိတ် Drone အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းမြို့နယ်ရှိ တောင်ကြားရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း YOUNG WOLF Local PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၅ ရက်နေ့တွင် စစ်ကိုင်းမြို့နယ် တောင်ကြားကျေးရွာ၌ တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များကက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို YOUNG WOLF Local PDF နှင့် PDF အဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း YOUNG WOLF Local PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဒရုန်းတစ်စင်း။