Khit Thit သတင်းဌာန၏ စက်တင်ဘာ ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၆ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်မှာ ဒရုန်းနဲ့ ဗုံးကျဲခံရမှုကြောင့် ဒဏ်ရာရပြီး မဲဆောက်ဆေးရုံ တက်နေ ရတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲ ၅ ဦးထဲက ၄ ဦးထပ်သေသွားပြီလို့ မြ၀တီမြို့ သတင်းရင်းမြစ်က ပြောပါတယ်။
– အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ စက်တင်ဘာလ ၅ ရက်နေ့က ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ စတင်ကျင်းပနေပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ မြန်မာကိုယ်စား လှယ်အဖွဲ့ တက်ရောက်နေ တယ်လို့ သိရပါတယ်။
-မြန်မာနိုင်ငံတစ်ဝန်း လက်တွေ့ကျတဲ့ စစ်ရေး ရလဒ်တွေနဲ့အတူ လက်တွေ့ကျတဲ့ အုပ်ချုပ်စီမံမှု ယန္တရား စနစ်တကျ အကောင်အထည်ဖော် ရမယ့် တာဝန်ကို မမေ့ကြဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက သတိပေး ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။