နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ့ခုခံတွန်းလှန်စစ် ကြေညာခြင်း ၂ နှစ်ပြည့် အခြေပြ မိန့်ခွန်းပြောကြားမည်
ရန်ကုန်၊ စက်တင်ဘာ ၆
မြန်မာပြည်သူလူထု တစ်ရပ်လုံးအား နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ့ခုခံတွန်းလှန်စစ် ကြေညာခြင်း ၂ နှစ်ပြည့် အခြေပြ မိန့်ခွန်းကို စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပြောကြားမည် ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၇ ရက်နေ့သည် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက် စစ်ကောင်စီအား ခုခံတော်လှန်စစ် ကြေညာခဲ့သည့် ၂ နှစ်မြောက်နေ့ဖြစ်ပြီး ယာယီသမ္မတ ဒူဝါလရှီးလမှ နိုင်ငံတော်အခြေပြမိန့်ခွန်းကို နံနက် ၈ နာရီအချိန်တွင် ပြောကြားသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ယာယီသမ္မတ၏ မိန့်ခွန်းကို Acting President Duwa Lashi La ၊ National Unity Government of Myanmar ၊ Public Voice Television နှင့် Radio NUG ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာတို့တွင် တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။