33 C
Yangon

ရန်ကုန်နှင့် မန္တလေးမြို့များတွင် တော်လှန်ရေး အင်အားစုများက စစ်ကောင်စီ တပ်ဖွဲ့ဝင်များ CDM/Pre CDM ပြုလုပ်ရန် လှုပ်ရှားမှု ပြုလုပ်

Must read

ရန်ကုန်နှင့် မန္တလေးမြို့များတွင် တော်လှန်ရေး အင်အားစုများက စစ်ကောင်စီ တပ်ဖွဲ့ဝင်များ CDM/Pre CDM ပြုလုပ်ရန် လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၆

ရန်ကုန်နှင့် မန္တလေးမြို့များတွင် တော်လှန်ရေး အင်အားစုများက ယနေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ CDM/Pre CDM ပြုလုပ်ရန် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုကို ပြည်သူ့ရင်ခွင် (People’s Embrace) နှင့် မြိုပြတော်လှန်ရေးအင်အားစုများဖြစ်သော Kyimyindaing Networks (K.M.D18)၊ Mayangone Democratic Front (M.D.F)နှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ.ချုပ်(ဗကသ) တို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေ့စဉ် ပြည်သူ့ရင်ခွင်ခိုလှုလာမှုများပြားလာတဲ့အတွက် ၎င်းတိုဆက်သွယ်ရမယ့်နေရာတွေကို သေသေချာချာသိစေဖိုနဲ့ စစ်ကောင်စီလက်အောက်မှာ မိုက်တွင်းဆက်နက်နေတဲ့ တပ်ဖွဲဝင်တွေကို အမှန်တရားကိုသိရှိနားလည်လာစေဖို ဒီလှုပ်ရှားမှုကိုဆောင်ရွက်ရတာဖြစ်​တယ်” ဟု ပြည်သူ့ရင်ခွင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပြည်သူလူထုဘက်တွင် ရပ်တည်လိုသော စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်၏ တယ်လီဂရမ်ဖြစ်သော @MyanmarPeople နှင့် နီးစပ်ရာ ERO ၊ PDF တပ်ရင်းများနှင့် ပကဖများကိုဆက်သွယ် ခိုလှုံနိုင်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article