30 C
Yangon

မြ၀တီမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများနှင့် ဌာနဆိုင်ရာ ရုံးများကို ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက် မည်ဟု Federal Wings က ကြေညာမှုကြောင့် ဝန်ထမ်း၊ စစ်တပ်နှင့်ရဲ မိသားစုဝင်များ စိုးရိမ် ထိတ်လန့်စွာ ပြောင်းရွှေ့နေ

Must read

မြ၀တီမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများနှင့် ဌာနဆိုင်ရာ ရုံးများကို ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက် မည်ဟု Federal Wings က ကြေညာမှုကြောင့် ဝန်ထမ်း၊ စစ်တပ်နှင့်ရဲ မိသားစုဝင်များ စိုးရိမ် ထိတ်လန့်စွာ ပြောင်းရွှေ့နေ

ရန်ကုန်၊ စက်တင်ဘာ ၇

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများနှင့် ရုံးများကို ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက်မည်ဖြစ်ကြောင်း Federal Wings က ကြေညာ ထားသဖြင့် ဝန်ထမ်း၊ စစ်တပ်နှင့်ရဲမိသားစုဝင်များ စိုးရိမ်ထိတ်လန့်စွာ ပြောင်းရွှေ့နေကြပြီး စစ်ကောင်စီဘက်ကလည်း ဒရုန်းများကို တားဆီးရန် ကြိုးစားနေရကြောင်း မြ၀တီ အခြေစိုက် ဝန်ထမ်းအသိုင်းအဝိုင်းက ပြောဆိုသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် စစ်တပ်နှင့်အရာရှိ ၅ ဦး ချက်ချင်း သေဆုံး ပြီး အများအပြားဒဏ်ရာရရှိသော ဒရုန်း တိုက်ခိုက်မှုအပြီး စစ်တပ်လက် အောက် ခံ ဝန်ထမ်းနှင့် မိသားစုများ ဌာနဆိုင်ရာရုံးနှင့်ဝန်ထမ်းအိမ်ရာများမှ ဖယ် ရှားကြရန် Federal Wings က သတိပေးချက်ထုတ်ပြန်ခဲ့သဖြင့် မြ၀တီမြို့ အခြေစိုက် ဝန်ထမ်း၊ စစ်တပ်နှင့်ရဲမိသားစုဝင်များအကြား စိုးရိမ်ထိတ် လန့်နေ ကြခြင်းဖြစ်သည်။

“မြ၀တီမှာ ရှိတဲ့ ဝန်ထမ်းတွေရဲ့ မိသားစုတွေ ရန်ကုန်ပြန်တာ၊ မန္တလေး ပြန်တာ၊ သူတို့ လာရာ မြို့တွေဆီ ပြန်ကြတာတွေ များတယ်။ မြ၀တီမှာကလည်း ပြောင်း စရာ နေရာသိပ်မရှိဘူးဆိုတော့ မိသားစုဝင်၊ သားသမီး မိဘတွေကို သူတို့ဇာတိမြို့တွေ ပြန်ပို့ကြတယ်။ တချို့ကတော့ ဝန်ထမ်းအိမ်ရာလို နေရာမျိုး ကနေ မြ၀တီမြို့ထဲ ပြောင်းတာမျိုးရှိပေမယ့် အဲဒါ နည်းတယ်။ ရှေ့လျှောက် မြ၀တီမှာ တိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေ လာမယ် ဆိုတာ အားလုံးက ကြိုတွက်မိကြတယ်” ဟု ဝန်ထမ်းမိသားစုဝင်တစ်ဦးက ပြောဆို သည်။

မြ၀တီမြို့ပေါ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သော Federal Wings ဒရုန်း တပ် ဖွဲ့က စစ်ကောင်စီတပ်များကို တော်လှန်တိုက်ခိုက်ရာတွင် လက်နက် ကိုင် ထား သူ များကိုသာ ထိခိုက်စေရန်ရည်ရွယ်ရင်းရှိကြောင်း၊ သို့ဖြစ်ပါ၍ လက် နက် မကိုင်ထားသည့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများအနေဖြင့် မိမိတို့သက် ဆိုင်ရာဌာနရုံးဌာနများ၊ ရုံးခန်းများနှင့် ဝန်ထမ်းအိမ်ရာများမှ စွန့်ခွာဖယ်ရှား ပေးထားကြရန် အထူးသတိပေးအပ်ကြောင်း ကြေညာခဲ့သည်။

မြ၀တီမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ရဲစခန်းများတွင် ဒရုန်းစောင့်ကြည့်ရေး ကင်းများ ပိုမိုချထားပြီး ဒရုန်းများကို တားဆီးနိုင်မည့် ဒရုန်းပစ်လက်နက်များ၊ Jammer ပေးရန် စစ်ကောင်စီထံ တောင်းခံ ထားကြ ကြောင်း၊ သို့ရာတွင် Non-CDM ဝန်ထမ်း အများစုမှာ စစ်ကောင်စီ၏ ဒရုန်းပစ် လက်နက်နှင့် Jammer များကို အယုံအကြည်မရှိဘဲ စိုးရိမ်ထိတ်လန့် နေကြ ကြောင်း သိရှိရသည်။

“မြ၀တီမှာ ဒရုန်းနဲ့ လာတိုက်မှာကို တပ်ဘက်ကရော၊ ရဲဘက်နဲ့ ဝန်ထမ်းတွေ အကုန်ကြောက်နေကြတယ်။ အထူးသဖြင့် ဌာနဆိုင်ရာ ရုံးနဲ့ ကုန် သွယ်ရေး ဇုန်မှာရှိတဲ့ ဝန်ထမ်းတွေလည်း အတော်ကို ကြောက်ကြတယ်။ တပ်နဲ့ရဲ၊ ထွေ/အုပ် ဘက်ကတော့ ဒရုန်းပစ်လက်နက်တွေ၊ ကင်းတွေနဲ့

Jammer တပ် ပေးမယ်ဆိုပြီး ကတိပေးတယ်။ တချို့ဝန်ထမ်းတွေ ခွင့်ယူပြီး ပြန်ကြဖို့ တင်ကြတာရှိပေမယ့် သက်ဆိုင်ရာ ဌာနတွေက ခွင့်မပေးဘူး။ ဒရုန်း တိုက်ခိုက်မှုမတိုင်ခင် ခွင့်ယူပြန်သွားတဲ့ ဝန်ထမ်းတချို့လည်း ပြန်မလာဘဲ အခြေ အနေစောင့်ကြည့်နေတာမျိုးရှိတယ်။ ဝန်ထမ်းလောကမှာတော့ အားလုံး ကြောက်လန့်နေကြတယ်” ဟု ကုန်သွယ်ရေးဇုန်မှ ပြည်တွင်းအခွန် ဝန်ထမ်း တစ်ဦးက ပြောဆိုသည်။

စက်က်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းတွင် Federal Wings ဒရုန်းတပ်ဖွဲ့က မြ၀တီမြို့နယ် ထွေ/အုပ်ရုံး၊ ရဲစခန်းတို့ကို ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အဆို ပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီလက်အောက်ခံတပ်မှ ၅ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ၊ ဒရုန်းဗုံးထိမှန်၍ သေဆုံးသည့် စစ်ကောင်စီ လက်အောက်ခံများမှာ ခလရ ၂၇၅ ယာယီတပ်ရင်းမှူး အောင်ကျော်မင်း ၊ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီး ဦးထွန်းထွန်းလင်း၊ ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင် နှင့် ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ဖြစ်ပြီး ထိခိုက်ဒါဏ်ရာရရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးတွင် ရဲ ၅ ဦးမှာ ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း ၊ ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးအနက်မှ ရဲ ၄ ဦးမှာလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဒရုန်းတိုက်ခိုက်မှုများသည် တိကျမှုရှိသည်မှန်သော်လည်း မလိုလားအပ်သည့် ဘေးထွက်ထိခိုက်မှုများမှ ရှောင်ရှားနိုင်ရန်အတွက် မြဝတီမြို့တွင်နေထိုင်သော ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စွဲထားသည့် ရုံးများ တပ်စခန်းများနှင့် ဝေးရာအရပ်သို့ ရွှေ့ပြောင်းနေထိုင်ပေးကြပါရန် Federal Wings တပ်ဖွဲ့က အထူး မေတ္တာရပ်ခံ သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article